ရိုမန်တစ်ဆန်လွန်းလို့ ကြည့်ပြီးကြွေကျသွားလောက်မယ့် ရွှေနှစ်ရွှေရဲ့ စေ့စပ်ပွဲ ဗီဒီယို

နိုဝင်ဘာလ 11 ရက်နေ့မှာ မင်္ဂလာပွဲအခမ်းအနားကျင်းပတော့မယ့် ရွှေမှုန်ရတီနဲ့ ရွှေထူးဟာ မင်္ဂလာဧည့်ခံပွဲကို Inya Lake Hotel မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၃၀ ရက်နေ့ဟာ သူတို့နှစ်ဦးရဲ့ မင်္ဂလာလက်မှတ်ရေးထိုးတဲ့နေ့ဖြစ်ပြီးတော့ နေပြည်တော်က Park Royal မှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကို အသိပေးထားခြင်းမရှိဘဲ သိုသိပ်စွာစီစဉ်ထားတဲ့ မင်္ဂလာသတင်းတွေကလည်း ပရိသတ်တွေကြား အံ့အားသင့်စရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်ချက်ကိုပြတ်သားစွာ ချလိုက်တဲ့အတွက် ပရိသတ်အချို့ရဲ့ အားပေးမှုနဲ့ ဂုဏ်ပြုမှုတွေကိုလည်းရရှိခဲ့ပြန်ပါတယ်။

ယနေ့မှာတော့ ရွှေမှုန်ရတီတစ်ယောက် သူမရဲ့အကောင့်ကနေပြီး စေ့စပ်ပွဲဗီဒီယိုလေးကို ချပြလိုက်ပြီဖြစ်ပါတယ်။

ရွှေနှစ်ရွှေရဲ့ ပုံရိပ်လေးတွေပါဝင်ထားတဲ့ ဗီဒီယိုကိုကြည့်ပြီးသဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ရွှေနှစ်ရွှေတို့ ချစ်သူနှစ်ဦး နောင်နှစ်ပေါင်းများစွာတိုင် ချစ်ခင်သာယာစွာဖြတ်သန်းနိုင်ပါစေလို့ တောင်းဆုပြုလျက်….

Video ကြည့်ရန်

Source : We Love Cele

Facebook Comments

admin

error: Content is protected !!