အချစ်ရေးမှာ လေကြီးမိုးကြီးကျနေတဲ့ နေခြည်ဦး

Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးက သူမရဲ့ မနေ့ညက Live လွှင့်ခဲ့ပါတယ်။ သူမရဲ့ ချီလီပရိသတ်တွေနဲ့ စကားအတော်ကြာပြောဖြစ်ခဲ့တဲ့ နေခြည်ဦးဟာ အလုပ်တွေအများကြီးလုပ်ဖို့ရှိကြောင်းနဲ့ လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဘယ်သူမှ မထင်ထားတဲ့ အရာတစ်ခု လုပ်ပြမှာဖြစ်တဲ့အကြောင်း ချီလီပရိသတ်တွေ ဝန်းရံပေးဖို့လိုကြောင်း ပြောခဲ့ပါတယ်။ ငပလီမှာ အောက်ဖဲမလှန်ကြေးရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးပြန်လာပြီးတဲ့နောက် နေခြည်ဦးတစ်ယောက် အရမ်းငြိမ်ကျသွားလို့ သူမရဲ့ ချီလီဖန်တွေက စိတ်ပူခဲ့ရတာဖြစ်ပါတယ်။

သူမရဲ့ အကောင့်မှာလည်းအချစ်ရေးနဲ့ပတ်သက်ပြီး Depress ဖြစ်နေကြောင်း တင်ခဲ့ပြီး မနေ့ည Live မှာတော့ သူမရဲ့အချစ်ရေးအကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ နေခြည်ဦးက အားလုံးသိချင်နေတဲ့အချစ်ရေးအကြောင်းကိုပြောပြခဲ့ပါတယ်။ သူမရဲ့အချစ်ရေးက ခုလက်ရှိမှာတော့ လေကြီးမိုးကြီးကျနေတဲ့အနေအထားဖြစ်ပြီးတော့ မိုးအုံ့နေပါတယ်လို့ပြောပါတယ်။ ဒါပြီးရင်တော့ သက်တံ့တွေလည်းပေါ်ကောင်းပေါ်လာနိုင်သလို တစ်ယောက်တည်းလည်းဖြစ်သွားနိုင်ပါတယ်လို့ ပရိသတ်တွေကိုပြောခဲ့ပါတယ်။ သူမအနေနဲ့တော့ အိမ်ထောင်ပြုမှာမဟုတ်ကြောင်းနဲ့ သူမချစ်တဲ့ ကြောင်လေး၊ ခွေးလေးတွေနဲ့ပဲ တသက်လုံးနေသွားမယ့်အကြောင်းလေးကိုလည်း ပြောပြပါသေးတယ်။

Night Out ထွက်လေ့မရှိတဲ့သူမ တစ်ပတ်လုံးသူငယ်ချင်းတွေနဲ့ စိတ်ပြေလက်ပျောက် အချိန်ကုန်ခဲ့ပြီးတော့ ညဘက်တွေမှာလည်း အိပ်လို့မပျော်နိုင်ဘူးလို့ နေခြည်ဦးက သူမရဲ့ လက်ရှိအနေအထားတွေကို ပြောပြပါတယ်။ သို့ပေမယ့်လည်း ယခုလိုပြိုလဲနေလို့မဖြစ်သေးတာကြောင့် သူမ အလုပ်တွေကို စိတ်ပါ၊ လက်ပါနဲ့ ပြန်လည်လုပ်တော့မယ့်အကြောင်း သူမရဲ့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့ အသံနဲ့ အချစ်ရေးအကြောင်းကို ပြောပြခဲ့ပြီးနောက် သူမရဲ့ ဖန်တွေကလည်း ချီချီကို စိတ်ဓာတ်မကျဖို့ အားပေးနှစ်သိမ့်တာတွေလည်း တွေ့ရပါတယ်။

နေခြည်ဦးတစ်ယောက် သူမရဲ့အချစ်ရေးလေး မကြာခင်မှာပြန်ပြီးအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်နော်။We Love Cele

Source-Nay Chi Oo Live

Facebook Comments

admin

error: Content is protected !!