မင်းကွန်းအထိ သွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတဲ့ ချစ်သုဝေတို့မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးများ

အမြွှာသမီးချောလေးနှစ်ယောက်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူတွေကတော့ လင်းလင်းနဲ့ ချစ်သုဝေတို့ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။ အနုပညာရှင်နဲ့ ပရိသတ်တွေ အားလုံးက အားကျချစ်ခင်ရတဲ့ သူတို့မိသားစုလေးက အမြဲကိုကြည်နူးပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာလည်း ဖြစ်ပါတယ်။ ဖေဖေနဲ့ မေမေတို့က အောင်မြင်တဲ့ အနုပညာရှင်တွေဖြစ်သလို ခေတ်နဲ့ သစ်တို့ညီအစ်မကလည်း အခုကတည်းက Cele လေးတွေဖြစ်နေကြတာပဲ ဖြစ်ပါတယ်၊၊

လတ်တလောမှာတော့ သူမတို့မိသားစုလေးက မင်းကွန်းကို သွားရောက်ပြီး ကထိန်ခင်းအလှူပြုခဲ့ကြတာ တွေ့ရပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်ပြီး ရောက်ရှိလာတဲ့ အခုလို ကထိန်ရာသီအချိန်အခါမှာ သူတို့မိသားစုလေးက ချစ်ရတဲ့ မိတ်ဆွေတွေနဲ့အတူ မွန်မြတ်တဲ့ကထိန်အလှူကို ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ရန်ကုန်ကနေ မင်းကွန်းအထိသွားရောက်ပြီး လှူဒါန်းကုသိုလ်ပြုခဲ့ကြတဲ့ သူတို့မိသားစုလေးက တကယ့်ကိုမွန်မြတ်တဲ့စိတ်ထားရှိသူတွေပဲ ဖြစ်ကြပါတယ်။

ချစ်သုဝေတို့ဇနီးမောင်နှံတင်မက သမီးချောလေးတွေကပါ ဖေဖေ၊မေမေတို့နဲ့အတူလိုက်ကာ ပါဝင်ကုသိုလ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ မိတ်ဆွေ၊အပေါင်းအသင်းတွေနဲ့ အောင်မြင်စွာ အလှူပြုနိုင်ခဲ့တဲ့ သူတို့က တကယ့်ကို ကြည်နူးပီတတွေ ဝေဖြာနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် ခေတ်လေးနဲ့ သစ်လေးတို့ကလည်း မြန်မာဝတ်စုံလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းနေကြပြန်ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် လင်းလင်းနဲ့ ချစ်သုဝေတို့မိသားစုလေးရဲ့ အလှူပြုပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Ma pont ,Htwe Lynn Ko

Facebook Comments

admin

error: Content is protected !!