လွန်ခဲ့တဲ၂နှစ်ကစကားလေးနဲ့တိုက်ဆိုင်သွားခဲ့တဲ့ ရွှေမှုံရတီရဲ့လက်ရှိဖြစ်ရပ်

ပရိသတ်တွေကြားမှာရေပန်းစားတဲ့ ရွှေစုံတွဲလေးကတော့ ရွှေလက်တွဲဖို့အတွက် အဆင်သင့်ဖြစ်လို့နေပါ ပြီ။ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြပြီး မခွဲနိုင်မခွာရက်ဖြစ်ခဲ့ရတာမို့ နှစ်ယောက်သားက မင်္ဂလာ လက်မှတ်ရေးထိုးလိုက်ကြပြီပဲဖြစ်ပါတယ်။ လာမယ့် 11.11.2018 မှာတော့ နှစ်ယောက်သားရဲ့ မင်္ဂလာပွဲလေးကို ခမ်းခမ်းနားနားကျင်းပတော့မှာပဲဖြစ်ပါတယ်။

အသက်အရွယ်ကောင်းတုန်းမှာ အိမ်ထောင်ပြုကြတာဖြစ်ပြီး ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ဆောက်ဖို့ အဆင်သင့်ဖြစ်နေကြတဲ့အနေအထားတစ်ခုပါပဲ။ နှစ်ယောက်သားရဲ့ မင်္ဂလာလက်မှတ်ရေး ထိုးတဲ့ အမှတ်တရ ပုံရိပ်လေးတွေနဲ့ Video လေးတွေကလည်း တကယ့်ကို Romantic ပါပဲ။

ပြီးခဲ့တဲ့ 2016 ခုနှစ်မှာ သဲတစ်ယောက် ပရိသတ်တွေကိုစနောက်ပြီး ” နောက်၂နှစ်နေရင် ယောက်ျးယူမယ် လို့မပြောပါဘူးဟယ် စတာပါနောက်တာပါအတည်ပါ ” ဆိုတဲ့ စာသားလေးကို လူမှုကွန်ယက်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဒီစာသားလေးထဲကအတိုင်း အမှန်တကယ်ကိုဖြစ်လာတာကတော့ ကံတရားရဲ့ဆန်းကြယ်တဲ့တိုက်ဆိုင်မှုပါပဲ။ ရွှေစုံတွဲနှစ်ယောက် သက်ဆုံးတိုင် ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။

Photo – Shwe Mhone Yati

Facebook Comments

admin

error: Content is protected !!