တချိန်က မင်းသမီး ဆုရွှန်းလဲ့ရဲ့သားလေး Lucas မွေးနေ့ပွဲမှာအတူတွေ့လိုက်ရတဲ့ ပုလဲဝင်း

လွန်ခဲ့တဲ့နှစ်တွေက အနုပညာလောကရဲ့ နတ်မိမယ်လေးတွေဖြစ်ခဲ့ကြတဲ့ ဆုရွှန်းလဲ့နဲ့ ပုလဲဝင်းတို့သူငယ်ချင်းတွေကိုတော့ ပရိသတ်တွေက သတိရကြဦးမှာပါ။ ဇာတ်လမ်းတွေမှာလည်း အတူတကွသရုပ်ဆောင်လေ့ရှိတဲ့ သူတို့နှစ်ဦးကတော့ အပြင်လောကမှာလည်း အရမ်းကို ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပုလဲဝင်းက စင်ကာပူမှာရှိတဲ့ သူငယ်ချင်းဆုရွှန်းလဲ့တို့ဆီ အလည်ရောက်ရှိနေတာဖြစ်ပြီး သားသားလေး Lucas ရဲ့မွေးနေ့ပွဲကို ပျော်ပျော်ကြီး ဆင်နွှဲနေကြတာပါ။ ချစ်ပရိသတ်တွေအတွက် ဆုရွှန်းလဲ့ရဲ့သားလေး Lucas ရဲ့မွေးနေ့ပွဲမှာ တွေ့ရတဲ့ ပုလဲဝင်းရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

မွေးနေ့ရှင် သားသားလေး Lucas နဲ့ ပျော်ပျော်ပါးပါး Selfie ရိုက်ခဲ့ကြတဲ့ ဆုရွှန်းလဲ့တို့ သူငယ်ချင်းတွေ

တကယ့် အပျိုမလေးတစ်ဦးလို လှသွေးကြွယ်နေဆဲဖြစ်တဲ့ မေမေဆုရွှန်းလဲ့

ပုလဲဝင်းကတော့ အနုပညာအလုပ်တွေ ရပ်နားထားပေမယ့်လည်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိနေဆဲပါပဲနော်။

ဆုရွှန်းလဲ့ရဲ့ ချစ်မဝတဲ့ သားသားလေး Lucas ကတော့ အမေတူသားလေးမို့ အရမ်းကိုချစ်စရာကောင်းပါတယ်။

သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဆုရွှန်းလဲ့ကတော့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ မိသားစုနဲ့အတူ စင်ကာပူမှာ နေထိုင်နေတာဖြစ်ပြီး စီးပွားရေးအလုပ်တွေပဲ လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။။ အနုပညာအလုပ်တွေ ရပ်နားလိုက်ပြီဖြစ်တဲ့ ပုလဲဝင်းကတော့ လတ်တလောမှာ စင်ကာပူသို့ အလည်ရောက်ရှိနေတာဖြစ်ပြီး ပျော်ရွှင်စရာခရီးလေးကို ဖန်တီးဖြစ်နေတာပါ။ ချစ်ပရိသတ်တွေလည်း ဖန်သားပြင်ပေါ်မှာ မတွေ့ရတာကြာပြီဖြစ်တဲ့ ဆုရွှန်းလဲ့နဲ့ ပုလဲဝင်းတို့သူငယ်ချင်းနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Facebook Comments

admin

error: Content is protected !!