ခင်ပွန်းဖြစ်သူ ချစ်စနိုးနဲ့ ခေါ်ဝေါ်တဲ့နာမည်ကြောင့် ပီတိဖြစ်နေတဲ့ ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးကတော့ သားသားလေး လီယျံနဲ့အတူ သြစတြေးလျကနေပြန်ရောက်လာပြီး အနုပညာလုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကြော်ငြာတချို့ကို လက်ခံရိုက်ကူးနေတဲ့ ယွန်းဝတီလွင်မိုးဟာ ခဏပြန်လာချိန်လေးမှာ အနုပညာအလုပ်လေးတွေကို အချိန်ရသမျှ လုပ်နေတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ သြစတြေးလျကို ပြန်သွားရတော့မှာမို့ သားလေး လီယျံကိုလည်း အချိန်တွေ ပေးဖြစ်နေတယ်လို့ ဆိုပါတယ်။ ခင်ပွန်းသည်ကတော့ သြစတြေးလျမှာ ကျန်ခဲ့တာဖြစ်ပြီးတော့ မကြာခဏဆိုသလို အလွမ်းပြေ ဗီဒီယိုကောလ်ပြေတဲ့ပုံရိပ်လေးတွေကိုလည်း ယွန်းဝတီလွင်မိုးက တင်လေ့ရှိပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ယနေ့မှာသူတို့နှစ်ဦးရဲ့ ညစာစားပွဲပုံရိပ်လေးကို အမှတ်တရတင်ထားခဲ့ပြီးတော့ ခင်ပွန်းသည်က သူမကိုချစ်စနိုးနဲ့ ခေါ်တဲ့နာမည်လေးကို ပြောပြထားတာဖြစ်ပါတယ်။

ယွန်းလေးက ‘ he calls me princess, i call him my everything ‘ လို့ ခင်ပွန်းသည်ဖြစ်သူက Princess လို့ ခေါ်ခံရတဲ့အကြောင်းလေးကို ချစ်စနိုးနဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ မင်းသမီးလေးတစ်ဦးဖြစ်နေတဲ့ ယွန်းဝတီလွင်မိုးဟာ သူမအတွက်လည်း ခင်ပွန်းသည်က သူမရဲ့အရာရာတိုင်းပဲလို့ ချစ်စနိုးနဲ့ ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်။ အင်စတာဂရမ်မှာ အမြဲလိုလို ရိုမန်တစ်ဆန်နေကြတဲ့ ယွန်းတို့အိမ်ထောင်ရေးဟာ ကြည့်ရသူအဖို့ ပျော်ရွှင်မှုတွေပါ ကူးစက်စေခဲ့ပါတယ်။

Source : We Love Cele

Facebook Comments

admin

error: Content is protected !!