ချစ်သူရည်းစားတွေအနေနဲ့ ဒီလိုမျိုး videoကို မရိုက်သင့်ပါဘူးလို့ဆိုတဲ့ အိမ့်ထရက်ရှာ

အခုရက်ပိုင်းမှာ ချစ်သူနှစ်မှားခဲ့တဲ့ videoကို ပြန်နှံ့ပြီးနာမည်ကြီးနေတဲ့ မြန်မာအိုင်ဒေါမှာ ဝင်ပြိုင်ခဲ့တဲ့ အိမ့်ထရက်ရှာ ကတော့ ချစ်သူရည်းစားတွေအနေနဲ့ မှားခဲ့တဲ့ အရာကို videoလုံးဝမရိုက်သင့်ပဲ သူတို့ကို သင်ခန်းစာယူကြပါလို့ 8days ရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

အိမ့်ထရက်ရှာ က “ဒီဟာတွေကတော့ ဖြစ်တာက ဖြစ်ပြီးသွားပြီပေါ့နော် ပြီးတော့ အိမ့်ဖြေရှင်းထားပါတယ်။ ပြီးတော့ ဒီဟာက ဘယ်လိုမှတောင်ပြန်ပြီးတော့ အဖတ်ဆယ်လို့မရတော့ဘူး ဒါပေမဲ့ အိမ့်လုံးဝပျောက်ကွယ်သွားဖို့ စိတ်ကူးမရှိဘူး ဘာဖြစ်လို့လဲဆိုတော့ ဒါအိမ့်ကို ပြိုလဲသွားအောင်လို့ သပ်သပ် တိုက်ခိုက်ခံရတာဖြစ်တဲ့အတွက်ကြောင့် အိမ့်မပြိုလဲသွားဘူး ပြိုလဲသွားစေချင်သူတွေရဲ့ ဆန္ဒကို အိမ့်ဖြည့်စည်းပေးလို့ မဖြစ်ဘူး။”လို့ ပြောခဲ့ပါတယ်။

Video fileကို ချစ်သူက တင်ခဲ့တာလားလို့ မေးမြန်းရာ”မဟုတ်ဘူး မဟုတ်ဘူး ဒီကိစ္စက အိမ့်ချစ်သူလုံးဝမဟုတ်ဘူး။ အိမ့်ပြောလဲ ပြောထားပြီးသားပေါ့နော် ဒီဥစ္စာက အိမ့်ရဲ့ ဖုန်း privacyချိုးဖောက်ခံရပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တဲ့သူသည် အိမ့်ကို ပြိုလဲအောင်လုပ်တာလည်း ဖြစ်ချင်ဖြစ်လိမ့်မယ် ဒါမှမဟုတ် သူမရည်ရွယ်ပဲနဲ့ လက်ဆော့မိပြီးတော့ ဒီကိစ္စကအဲ့လောက်အထိ အကြီးကြီး ဖြစ်သွားတာလည်း ဖြစ်ရင် ဖြစ်လိမ့်မယ်ပေါ့နော် ဒါလုံးဝ အိမ့်ချစ်သူ လုပ်တာ မဟုတ်ပါဘူးလို့ ပြီးတော့ သူနဲ့ အိမ့်နဲ့ relationshipသက်တမ်းကလည်း အခုဆိုရင် ၃နှစ်ထဲမှာ ရောက်နေပြီပေါ့နော် အခုကတော့ သူဒီမှာ မရှိပါဘူး သူနိုင်ငံခြားမှာ ကျောင်းတက်နေတာ ဒီကနေထွက်သွားတာ ၅လလောက်ရှိနေပါပြီ။”လို့ ပြောခဲ့ပါတယ်။

ဒီလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ရင်ဆိုင်ရတဲ့ အခက်အခဲအကြောင်းကို”အဓိကကတော့ ကိုယ်ဆိုတာထက် ဒါအိမ့်လုပ်ခဲ့တာက အိမ့်ပြု ခဲ့တဲ့ ကံမကောင်းလို့ ခံရတာပေါ့နော် အိမ့်ထက် အိမ့်မိသားစုအသိုင်းအဝိုင်းကို အများကြီး စိတ်ပူပေးခဲ့ရတယ်။ ပြီးတော့ အိမ့်ဒီပြဿနာတွေဖြစ်နေတဲ့ နေ့မှာပဲ အဖိုးက ဆုံးသွားတယ် အဲ့တော့ အိမ့်ခံစားနေရတာထက် အိမ့်ရဲ့ အမေပေါ့ သူဆိုရင် အိမ့်တစ်ခုခု ဒီမှာ လုပ်ပစ်လိုက်မှာဆိုးလို့ သူဒီဘက်ကို အရမ်းလာချင်နေတယ် ဒါပေမဲ့လည်း ရုတ်တရပ်ဟိုဘက်မှာ သူ့အဖေဆုံးသွားတော့ သူဘယ်လို ခံစားနေရမလဲဆိုတာ အိမ့်စဉ်းစားကြည့်လို့ မရဘူးပေါ့နော် အဲ့အတွက် အမေကို တကယ် အရမ်းလည်း အားနာတယ် အရမ်းလည်း တောင်းပန်တယ်။”လို့ အိမ့်ထရက်သျှာက ပြောခဲ့ပါတယ်။

ချစ်သူရည်းစားဘဝမှာ ဘယ်လိုရည်ရွယ်ချက်နဲ့ videoကိုရိုက်ခဲ့တာလဲလို့ မေးမြန်းရာ “အော် ဒါကတော့ အိမ့်နဲ့သူနဲ့က relationshipသက်တမ်းက ကြာပြီဆိုတော့လေ ရိုက်ဖြစ်တယ် ဒါတွေက တစ်ချို့အတွဲတွေမှာ ရှိရင်လည်း ရှိလိမ့်မယ် မရှိရင်လည်း မရှိဘူးပေါ့ ဒါကတော့ ကိုယ်နဲ့သူနဲ့က တကယ်ကို ယုံကြည်လို့ အခုအချိန်ထိရှိခဲ့တာပေါ့နော် ဒီဟာ ရိုက်ဖြစ်တာက တကယ်ကို အိမ့်အရမ်းsafeဖြစ်အောင်လုပ်တယ် လုပ်ရင်းနဲ့ကို အိမ့်က ဒီလိုမျိုးတော်တော်ကြီး ကံဆိုးသွားတယ်လို့ ပြောရမှာပေါ့နော်။ အိမ်ထောင်ပြုတာက သူနဲ့ပဲပြုမှာ အိမ့်တို့တွဲတာလည်း နှစ်ဖက်အသိုင်းအဝိုင်းက အရင်ထဲကလည်း သိတယ် ဒါပေမဲ့ ဒီလိုကိစ္စတွေကတော့ သိနေတယ်ဆိုရင် ဒီလိုကြီး ဖြစ်လာတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းဘူးပေါ့နော် သူကတော့ ဒီဇင်ဘာလောက်ကျရင် ပြန်လာမယ် အဲ့ကျရင်တော့ စီစဉ်စရာရှိတာ စီစဉ်ကြမယ်။ လို့ ပြောခဲ့ပါတယ်။

ချစ်သူက video fileထွက်လာတော့ ဘယ်လိုအားပေးစကားပြောလဲဆိုတဲ့ မေးခွန်းကို”သူက အစတုန်းက ဟိုမှာရောက်နေတော့ သူက မသိဘူး ပြီးတော့ သူက စာမေးပွဲတွေ ဖြေနေရတာလေ စာမေးပွဲတွေ ဖြေနေရတော့ သူစိတ်ညစ်နေမှာဆိုးလို့ အိမ့်ဘာမှ မပြောဘူး မပြောဘဲနဲ့ အော် သူမသိရင်လည်း မသိပါစေနဲ့တော့ ထားလိုက်တော့ဆိုပြီး အိမ့်ထားထားသေးတယ်။ ဒါပေမဲ့လည်း သူဒုတိယမြောက်နေ့မှာ သိသွားခဲ့တယ်။”လို့ ပြောခဲ့ပါတယ်။

ဒီကိစ္စကို မိန်းကလေးတွေကလည်း ဝေဖန်ဆဲဆိုနေကြတာနဲ့ ပတ်သက်ပြီး”ဒါမိန်းကလေးတစ်ယောက်ဖြစ်နေတာတောင်မှပဲ သူတို့တွေက share ကြတယ် ပြောကြတယ် ဒီဟာက မြန်မာပြည်မှာ ထမင်းစားရေသောက်လို ဖြစ်နေပြီလေ အဲ့တော့ဘယ်သူ့ကိုမှလည်း အပြစ်လည်း မမြင်ဘူး အိမ့်အကုန်လုံးကို နားလည်တယ်။ ဒီဟာတွေအကုန်လုံးက အိမ့်ပြုလို့ အိမ့်ခံရတာ အိမ့်ဖုန်း privacyချိုးဖောက်ခံရတယ်ဆိုပေမဲ့လည်း ဒီဟာက အိမ့်တို့ ပေါ့ဆမှုတွေ အများကြီး ပါခဲ့တယ်လေ။ အဲ့အတွက်ကြောင့်မို့လို့ ဖြစ်တာတွေကလည်း ဖြစ်ပြီးသွားပြီ ဘယ်သူ့ကိုမှလည်း အပြစ်မမြင်ဘူး အကုန်လုံး အဆင်ပြေတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သင်ခန်းစာက ပေါ့ဆတာပေါ့နော် သူများကို အလွယ်တကူ ယုံတာ ကိုယ်ကိုတိုင်ကလည်း ပေါ့ဆတာ အဲ့နှစ်ခုပေါ့ အဓိကက ပြီးတော့ အခုဖြစ်တဲ့ ဖြစ်စဉ်မှာ အဖိုးဆုံးသွားတဲ့ အသုဘမှာ အဖိုးမျက်နှာကို မြင်ခွင့်မရဘူး အိမ့်မပြန်လိုက်ရဘူး ပြီးတော့ ဒီအချိန်မှာ အမေနားမှာ အတူတူ ရှိမနေပေးနိုင်ဘူး ဒါပေမဲ့ အိမ်ပြိုလိုနေလို့ မရဘူး။ “လို့ ပြောခဲ့ပါတယ်။

အကောင့်deactivate လုပ်တာနဲ့ ပတ်သက်ပြီး “အကောင့်Dတယ်ဆိုတာက သူတို့က တွဲဖက်ဓာတ်ပုံတွေ အိမ့်တို့ အမေနဲ့ ပုံတွေရှိမယ် သူငယ်ချင်းတွေနဲ့ ပုံတွေရှိမယ် အဓိကက ဒါပဲ ဒီပုံတွေကို အိမ့်ကoff ချင်လို့ Dလိုက်တာပါ။”လို့ ပြောခဲ့ပါတယ်။

ချစ်သူရည်းစားတွေဘဝမှာ ဒါမျိုးကို ကျူးလွန်မိရင်တောင်မှ ဒီလိုမျိုး videoကို မရိုက်သင့်ပါဘူး အိမ့်ကိုပဲ သင်ခန်းစာယူကြပါလို့ အိမ့်ထရက်ရှာ က ပြောဆိုသွားခဲ့ပါတယ်။

Source : nanmakgyi

Facebook Comments

admin

error: Content is protected !!