(၅) နှစ်ကြာပြီးမှ သူငယ်ချင်းဖြစ်သူ မီးမီးခဲနဲ့ပြန်တွေ့ရလို့ ဝမ်းသာနေတဲ့ ရေဗက္ကာဝင်း

ရေဗက္ကာဝင်းကတော့ လက်ရှိမှာ ပျော်ရွှင်ဖွယ်အိမ်ထောင်ရေးကို တည်ဆောက်ထားရုံမက ပရိသတ်တွေပါ အားကျရတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်ထားရတာပါ။ ဘာသာ မတူညီပေမယ့် နားလည်မှုရှိတဲ့ အိမ်ထောင်ရေးတစ်ခုကို အချိန်အတော်ကြာတည်ဆောက်ထားနိုင်တာကြောင့် ပရိသတ်တွေကလည်း ချီးကျူးမှုတွေရှိနေခဲ့ပါတယ်။

တချိန်တုန်းက အတွဲညီညီပေါ်ထွက်ခဲ့ကြတဲ့ ရေဗက္ကာဝင်း၊ ရှင်ဖုန်းနဲ့ မီးမီးခဲ တို့ ၃ ယောက်ဟာ ယခုအချိန်မှာပြန်လည်ဆုံတွေ့ရတာကြောင့် ပျော်ရွှင်ဝမ်းသာနေခဲ့ပါတယ်။ မီးမီးခဲကတော့ နိုင်ငံရပ်ခြားမှာ နေထိုင်နေခဲ့တာ နှစ်အတော်ကြာမြင့်နေပြီဖြစ်ပြီး မိသားစုတစ်ခုကိုပါ ရရှိနေပြီဖြစ်ပါတယ်။ မီးမီးခဲဟာ နိုင်ငံရပ်ခြားကနေ ခေတ္တခဏပြန်ရောက်လာတာဖြစ်ပြီးတော့ နိုဝင်ဘာလ (၁၅) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေဦးမယ်လို့ သိရပါတယ်။

ခဏပြန်ရောက်လာတဲ့ မီးမီးခဲနဲ့အတူ ရှင်ဖုန်းနဲ့ ရေဗက္ကာဝင်းတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော့ ဒီတွေ့ဆုံမှုဟာလည်း (၅) နှစ်ကြာပြီးမှ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခုလိုမျိုး ကွဲကွာသွားတာကြာပြီဖြစ်တဲ့ အနုပညာမောင်နှမတွေ ပြန်လည်တွေ့ဆုံခွင့်ရခဲ့တာကြောင့် ရေဗက္ကာဝင်းတစ်ယောက် အင်မတန်မှ ပျော်ရွှင်နေခဲ့တာဖြစ်ပြီး သူတို့ (၃) ယောက်ရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Source : We Love Cele
Photos-Rebacca Win

Facebook Comments

admin

error: Content is protected !!