ဒီလိုဆိုးရင်ရော ချစ်ဦးမှာလားလို့ သံတိုင်တွေကြားက မေးခွန်းထုတ်လိုက်တဲ့ အိစိကွေး

ကလေးသရုပ်ဆောင် ဘဝထဲက ပရိသတ်တွေ အသည်းတယားယား ချစ်ခဲ့ရတဲ့ ကလေးသရုပ်ဆောင် အိစိကွေးလေးကို ပရိသတ်တွေ မှတ်မိကြဦးမယ်ထင်ပါတယ် ။ လက်ရှိမှာတော့ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်လာပြီဖြစ်သလို အနုပညာအလုပ်တွေလည်း ဆက်လက်လုပ်ဆောင်နေဆဲပါ ။

အိစိတစ်ယောက် ငယ်ငယ်ထဲက သရုပ်ဆောင်ကောင်းတာကိုတော့ အထူးတလည်ပြောနေစရာ မလိုတော့ပါဘူးနော် ။ အခုလတ်တလောမှာလည်း ” အဲ့လိုဆိုးတဲ့ကောင်လေးဆိုရင်ရော

ချစ်ဦးမှာလား? ” ဆိုတဲ့ စာသားနဲ့ အတူ အချုပ်ခန်းထဲက ရှုတင်ပုံရိပ်တွေကို ပရိသတ်တွေကို သူ့ရဲ့ လူမှု့ကွန်ယက် စာမျက်နှာကနေ မျှဝေပေးထားတာပါ ။ သူ့ရဲ့ အမာခံဖန်လေးတွေကတော့ ဘယ်လောက်ဆိုးဆိုး ချစ်တာကချစ်တာပါဘဲတဲ့ ပရိသတ်ကြီးရေ.. ။

ငယ်ငယ်ထဲက သရုပ်ဆောင်ပီပြင်လွန်းလို့ ပရိသတ်တွေချစ်ခဲ့ရတဲ့ အိစိလေး ဘယ်ဇာတ်ကားကို ရိုက်ကူးနေပြီး ပရိသတ်တွေ ဘယ်လိုအနုပညာအရည်သွေးတွေ ထုတ်ပြဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါဘဲ ပရိသတ်ကြီးရေ..။ အိစိလေးကို ဟိုးအရင်ထဲက အားပေးလာတဲ့ ပရိသတ်တွေအတွက် အိစိရဲ့ ဇာတ်ဝင်ခန်းအချို့ကို ဖော်ပြပေးလိုက်ပြီနော် ။

Source. : Eisi kway

Facebook Comments

admin

error: Content is protected !!