ဘာသာမတူပေမယ့် ကထိန်အလှူလေးနဲ့ အကောင်းဆုံးပါရမီဖြည့်ဖက်ဖြစ်ကြောင်း သက်သေပြသွားတဲ့ ချစ်သုဝေ

လင်းလင်းနဲ့ ချစ်သုဝေကတော့ ပရိသတ်တွေ အားမကျဘဲ မနေနိုင်လောက်အောင်ကို နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခုကို ၂ယောက်အတူ ပုံဖော်ထုဆစ်ခဲ့ကြတဲ့ အနုပညာရှင် ဆယ်လီစုံတွဲပါ ။ ကိုးကွယ်တဲ့ ဘာသာမတူပေမယ့် ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုတွေကတော့ တူညီနေခဲ့ကြပါတယ် ။

အခုလက်ရှိမှာလည်း “အကြိမ်၃၀မြောက် ကထိန်အလှူတော်မင်္ဂလာ”

ဘယ်နှစ်ကြိမ်သွားသွားမရိုးနိုင်တဲ့ မင်းကွန်း..

pre weddingပုံလေးတွေအမှတ်တရရိုက်ဖူးတဲ့ မင်းကွန်း..

ငယ်ဘဝအမှတ်တရများစွာရှိခဲ့တဲ့မင်းကွန်း…

အရင်ကထက်ပိုပြီးမြို့ပြဆန်လာတာကလွဲလို့ ခုထိ မြတ်နိုးမိတုန်း

သတိရလိုက်တာ,,,,ငယ်ငယ်က ဆော့ခဲ့ ကစားခဲ့တာတွေ..

ခုတော့ဘယ်သွားသွားမလွတ်လပ်တော့…

(ပုံလေးတွေကိုလည်းကိုယ့်မှ အမြန်ရိုက်ရ ပုန်းရိုက်ရ နောက်ပေါက်ကဝင်ရိုက်ရနဲ့ cele 2ယောက်နဲ့ဆိုတော့လေ) ” ဆိုတဲ့ စာသားနဲ့အတူ သူမတို့ရဲ့ ချစ်စဖွယ် မိသားစုအလှူအမှတ်တရပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေထားတာ တကယ်ကိုကြည်နူးစရာပါ ။

ချစ်သုဝေရဲ့ ဘာသာရေးကို လင်းလင်းက ပါရမီဖြည့်ပေးသလို လင်းလင်းရဲ့ ဗုဒ္ဓဘာသာ နဲ့ပတ်သတ်တဲ့ အလှူအတန်းတွေကိုလည်း ချစ်သုဝေက ပါရမီဖြည့်ပေးလေ့ရှိတာ အားလုံးအမြင်ပါဘဲ ။

လူ၂ယောက်သက်ဆုံးတိုင် လက်တွဲဖို့ဆိုတာ ဘာသာတူဖို့ မလိုဘဲ နားလည်မှုသာလိုအပ်တယ်ဆိုတာ အကောင်းဆုံးသက်သေပြသွားတဲ့ တကယ်အတုယူစရာကောင်းတဲ့ အိမ်ထောင်ရှင်တွေပါ ။

Source:Chit Thu Wai

Facebook Comments

admin

error: Content is protected !!