ကိုးရီးယားနိုင်ငံရဲ့ နာမည်ကြီး MBC ရုပ်သံလိုင်းမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိနေပြီဖြစ်တဲ့ မြန်မာနိုင်ငံသူ လှယမင်းအိမ်

မြန်မာ့ရုပ်ရှင်လောကမှာ အနုပညာရှင်တွေများစွာရှိတဲ့အထဲမှာမှ နိုင်ငံတကာထိ ထိုးဖောက်ဝင်ရောက်နေတဲ့ အနုပညာရှင်တွေလည်းရှိကြပါတယ်။ မိုရီဆာကီဝင်းဟာလည်း ဂျပန်နိုင်ငံတင်မကဘဲ တကမ္ဘာလုံးကပါ သိကြတဲ့ မြန်မာနိုင်ငံသားအနုပညာရှင်ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကိုရီးယားနိုင်ငံ MBC ရုပ်သံလိုင်းမှာ ပါဝင်သရုပ်ဆောင်ခွင့်ရရှိနေပြီဖြစ်တဲ့ အနုပညာရှင်လှယမင်းအိမ်အကြောင်းကို မိတ်ဆက်ပေးမှာဖြစ်ပါတယ်။

သူမကဟာကိုးရီးယားနိုင်ငံ ဒေဂူးမြို့ရှိ ဂယ်မြောင်တက္ကသိုလ်တွင် ကိုးရီးယားစာပေအထူးပြုဖြင့် သင်ယူနေတယ်လို့ သိရပါတယ်။ ယခုလိုသင်ယူနေရင်း MBC ရုပ်သံလိုင်းမှာ အနုပညာအလုပ်လုပ်ကိုင်နိုင်ဖို့အတွက် လျှောက်ထားခဲ့ပါတယ်။ သူမရဲ့ ထူးခြားပြောင်မြောက်တဲ့ အနုပညာပါရမီကြောင့် MBC ရုပ်သံမှ သရုပ်ဆောင်အဖြစ် ရွေးချယ်ခံရပြီး လက်ရှိမှာ ကိုးရီးယားမင်းသားတွေနဲ့ တွဲဖက်ပြီးသရုပ်ဆောင်ခွင့်ရရှိနေပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်နေတဲ့ ဇာတ်လမ်းတွဲကို ကိုးရီးယားစံတော်ချိန် နံနက် ၁၁ နာရီတိုင်း ထုတ်လွှင့်ပြသလျက်ရှိနေပါတယ်။ နာမည်ကြီးကိုးရီးယားသရုပ်ဆောင်များနှင့် တွဲဖက်ပြီး ဇာတ်လမ်းတွဲများ ဆက်လက်ရိုက်ကူးလျက်ရှိနေကြောင်း သိရှိရပါတယ်။ ဒါ့အပြင် သူမဟာလည်း အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဖြစ်ပြီးတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက်ရှိနေတာဖြစ်ပါတယ်။

ယခုလိုမျိုး ကျယ်ပြန့်လှတဲ့ ကိုရီးယားအနုပညာလောကမှာ အောင်မြင်မှုတွေရရှိအောင် ကြိုးပမ်းနေတဲ့ မင်းသမီး လှယမင်းအိမ်တစ်ယောက်ဒီထက်မက အောင်မြင်မှုတွေရရှိနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပြီး အားပေးလျက်ပါ။

Source : We Love Cele
Photos-Hla Yamin Eain

Facebook Comments

admin

error: Content is protected !!