သူငယ်ချင်းရဲ့မင်္ဂလာပွဲမှာ မျက်ရည်ဝဲခဲ့ရတဲ့ နေခြည်ဦးရဲ့ခံစားချက်

Beauty Blogger တစ်ဦးအဖြစ်နဲ့ ပရိသတ်တွေသူမကို စတင်သတိထားလာမိပြီး သူမရဲ့ချစ်စဖွယ်ပုံစံနဲ့ ပွင့်လင်းတဲ့အမူအရာလေးတွေကြောင့် ပရိသတ်တွေရဲ့အပြည့်အဝအားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ နေခြည်ဦးတစ်ယောက် သူမသူငယ်ချင်းရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အမြဲတမ်း ပွင့်ပွင့် လင်းလင်းနဲ့ ချစ်စရာကောင်းတဲ့နေခြည်ကတော့ သူမရဲ့ခံစားချက်တွေကိုလည်း အပြည့်အဝဖော်ထုတ် တတ်သူတစ်ဦးပါပဲ။

ရုပ်ရှင်ဇာတ်ကား ၂ ကားထိ ရိုက်ကူးထားပြီး သူမရဲ့ဇာတ်ကားတွေဟာလည်း ပရိသတ်တွေအထူး စိတ်ဝင်စားမယ့် ဇာတ်ကားမျိုးတွေပါပဲ။ အလှအပဆိုင်ရာ video လေးတွေကို မကြာခဏဆိုသလို သူမရဲ့ Facebook Page မှာ တင်တတ်ပြီး မိန်းကလေးပရိသတ်အများဆုံး ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကိုချစ်ခင်အားပေးသူတွေကတော့ ချီချီလို့ ချစ်စနိုးခေါ်တတ်ကြပါတယ်။

သူမချစ်သူငယ်ချင်းရဲ့မင်္ဂလာပွဲတက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေကို ” အချစ်ဆုံး သူငယ်ချင်းတော့စွံသွားပါပြီ။ သားကြီးရာ ငါ best man မဖြစ်ရတာတော့ အရမ်းဝမ်းနည်းတယ်ကွာ။ ဒါပေမယ့် ဒီညနင့်အတွက် ပျော်လွန်းလို့ မျက်ရည်ဝဲမိတယ်။ Two become ONE !!! Happyily every after နော်။ ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ ချီတစ်ယောက် မင်္ဂလာပွဲမှာ ဘယ်လိုတွေလှနေလည်းဆိုတာတော့ ပရိသတ်ကြီးကိုဖော်ပြပေးလိုက်ပြီနော်။

Photo – Nay Chi Oo

Facebook Comments

admin

error: Content is protected !!