နိုင်းနိုင်းနဲ့အောင်မင်းခန့်တို့ ကိုလူချောနှစ်ယောက်ရဲ့အလယ်မှာ အပြုံးပန်းတွေ ဝေဆာပွင့်ဖူးခဲ့ရတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်

မေလေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးသူမကတော့ ပီပြင်တဲ့ သရုပ်ဆောက်မှုတွေအပြင် ချိုမြိန်ပြီးဆွဲဆောင်မှုရှိတဲ့ အပြုံးချိုချိုလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးပဲ ဖြစ်ပါတယ်..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ မေလေးဟာ အခမ်းအနားပွဲ တော်တော်များများကိုလည်း တတ်ရောက်ဖြစ်နေသလို “စိန်နန်းတော် 2018 Grand Lucky Draw ဖွင့်ပွဲ” လေးကိုလည်း ကျော့ရှင်းပြီး တမူထူးခြားတဲ့အလှပုံရိပ်လေးတွေနဲ့ ပွဲတတ်ရောက်လာပြန်ပါတယ်..။

အဖြူရောင်ဖက်ရှင်လေးနဲ့ လွင်လွင်လေးလှနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကတော့ ပုရိသပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကိုပါ လည်ပြန်ငေးရလောက်အောင် ဆွဲအားပိုနေတာမို့ အပြာရောင်အိပ်မက်လေးထဲက နတ်မိမယ်လေးကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရသလား ထင်ရလောက်အောင်ကို ကျော့ကျော့လေးနဲ့ ချစ်စရာကောင်းနေပါတယ်နော်..။

စိန်နန်းတော်ရဲ့ အခမ်းအနားပွဲလေးကို အခြားအနုပညာရှင်းများစွာလည်း တတ်ရောက်ခဲ့ကြသလို မေလေးနဲ့အတူ နာမည်ကျော်သရုပ်ဆောင်မင်းသားချောဖြစ်တဲ့ နိုင်နိုင်းနဲ့အောင်မင်းခန့်တို့ ညီအစ်ကိုတွေလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

နိုင်နိုင်းနဲ့ အောင်မင်းခန့်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့အလယ်မှာ ကလေးတစ်ယောက်လုံး သဘောကျစွာ ရယ်မောနေတဲ့ သူမကတော့ ချိုမြိန်တဲ့ အပြုံးချိုချိုလေးတွေနဲ့ အပြုံးပန်းတွေဝေပြီး လွင်လွင်လေးလှနေတာမို့ တကယ့်ကို အသည်းယားစရာကောင်းအောင် အချစ်ပိုစေပါတယ်နော်..။

အခမ်းအနားပွဲအတူတတ်ရောက်ခဲ့ကြတဲ့ သူမတို့အချစ်တော်သုံးယောက်ကတော့ ရယ်မောပျော်ရွှင်စွာ စကားတွေပြောရင်း ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo – မေမြင့်မိုရ်၊ Ria Bo Vich

Facebook Comments

admin

error: Content is protected !!