ရွှေမှုံရတီနဲ့ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကို ခင်ဝင့်ဝါနဲ့ ပြောင်းလဲရိုက်ကူးမယ့် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်

ရွှေမှုန်ရတီဟာ အနုပညာလောကမှာ နေရာတစ်နေရာရရှိထားပြီး အောင်မြင်မှုတွေကို သိမ်းပိုက်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာသေးခင်ကမှ Relationship တစ်ခုကို ပရိသတ်ကြီးထံ ချပြပြီးနောက် ရုတ်တရက်ဆိုသလို နေပြည်တော် Park Royal Hotel မှာ စေ့စပ်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

နှစ်ဦးလုံး အနုပညာရှင်တွေဖြစ်တဲ့အလျှောက် ရွှေမှုန်ရတီနဲ့ ရွှေထူးတို့ဟာလည်း ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ဧည့်သည်ရုပ်ရှင်ဇာတ်ကားမှာပဲ ပထမဆုံးသရုပ်ဆောင်ရင်းတွေ့ခဲ့ကြတာလည်းဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ပတ်သက်ပြီးတော့ ဒါရိုက်တာညွန့်မြန်မာညီညီအောင်က တပည့်ဖြစ်တဲ့ ရွှေမှုန်ရတီနဲ့ နောင်ဘယ်တော့မှ ဇာတ်ကားတွေ မရိုက်ကူးတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာလည်း ရွှေမှုန်ရတီနဲ့ ရိုက်ကူးနေတဲ့ ငါမုန်းတဲ့ အက္ခရာဇာတ်ကားမှာလည်းရွှေမှုန်ရတီအစား ခင်ဝင့်ဝါကို ပြောင်းလဲပြီးရိုက်ကူးသွားမယ်လို့သိရပါတယ်။

“ကျနော် အဲ့ဒီသတင်းနဲ့ ပတ်သက်ပြီး မဖြေချင်လို့ စိတ်မရှိပါနဲ့နော်။ အခြားသတင်းနဲ့ ပတ်သက်လို့မေးရင် ဖြေပေးပါမယ့်။ ကျနော်က အသက်ကြီးတဲ့သူဆိုတော့ နောက်ပိုင်းဇာတ်ကားတွေ ရိုက်ဖို့ဆိုတာကလည်း စဉ်းစားရမယ့် ကိစ္စတွေပါ။ အခုရိုက်မယ့် “ငါမုန်းတဲ့အက္ခရာ” ဇာတ်ကားမှာတော့ ရွှေမှုံရတီနေရာမှာ ခင်ဝင့်ဝါရိုက်သွားမှာပါအခုလတ်တလောတော့ ဇာတ်ကားတကား ရိုက်ဖို့ ပြင်ဆင်နေတုန်းပါ။ ကားနာမည်က ၃၊ ၄ မျိုးဖြစ်နေတော့ ဘယ်ဟာ အတည်ပြုရမှန်းမသိ ဖြစ်နေလို့ပါ”လို့ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင်က ဧရာဝတီသတင်းဌာနရဲ့ မေးမြန်းချက်အပေါ်မှာဖြေ ဆိုခဲ့ပါတယ်။

သရုပ်ဆောင် ရွှေမှုန်ရတီနဲ့ ရွှေထူးတို့ဟာ စေ့စပ်ပွဲကိုအောက်တိုဘာလ ၃၀ ရက်နေ့မှာပြုလုပ်ခဲ့ပြီးတော့ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာတော့ အင်းလျားလိတ်ဟိုတယ်မှာ မင်္ဂလာဧည့်ခံပွဲကိုခမ်းခမ်းနားနားကျင်းပသွားမှာဖြစ်ပါတယ်။

We Love Cele
Source-The Irrawaddy Lifestyle

Facebook Comments

admin

error: Content is protected !!