ချွေးနဲစာလေးနဲ့ အလှူပွဲလာဧည့်သည်တွေကို ရွှေဆွဲပြားများနဲ့ စိန်နားကပ်တရံ ကံစမ်းမဲဖောက်ပေးခဲ့တဲ့ ရတနာမိုင်

နိုင်ငံကျော်အဆိုတော် မိုင်ရဲ့ တစ်ဦးတည်းသော အနုပညာမျိုးဆက်လေးဖြစ်တဲ့ ရတနာမိုင် ( မိုင်လေး ) ကတော့ဂီတလောကမှာ နာမည်ရပြီးပရိသတ်ချစ်ခင်မှုတွေ ရရှိထားပြီးသား အဆိုတော်တစ်ယောက်ဖြစ်ပါတယ် ။ နိုဝင်ဘာလ ၄ ရက်နေ့က မိဘအပေါ်သိတတ်ပြီး လိမ္မာတဲ့ အဆိုတော် မင်းသမီးချောလေး မိုင်လေးတစ်ယောက်သူမရဲ့ ချွေးနှဲစာလေးနဲ့ မွန်မြတ်တဲ့အလှူလေးတစ်ခု ပြုလုပ်ခဲ့ပါတယ် ။

မော်လမြိုင်မြို့ မင်္ဂလာဂန္ဓာရုံ ချမ်းမြေ့ ရိပ်သာ ကျောင်းမှာ တည်ထားကိုးကွယ်ထားတဲ့ အနန္တမေတ္တာ မဟာမုနိဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီးအားမိုင်လေးရဲ့ မိဘနှစ်ပါး နဲ့မိုင်လေးကိုအားပေးတဲ့ပရိသတ်များအားအမှူးထားပြီးလှူဒါန်းခဲ့တာဘဲ ဖြစ်ပါတယ် ။ ထူးခြားမှု တစ်ခုကတော့ ပရိသတ်တွေ အားပေးလို့ရလာတဲ့ ချွေးနဲစာနဲ့ အလှူပွဲလာ ဧည့်သည် တွေကို ရွှေဆွဲပြား ၅ ခုနဲ့ စိန်နားကပ် တရံအား ကံစမ်းမဲဖောက်ပေးခဲ့တာဘဲ ဖြစ်ပါတယ် ။ သူမရဲ့အလှူပုံရိပ်တွေကို ကြည့်ခြင်းအားဖြင့် ပရိသတ်တွေရော သူမရော ပျော်ရွှင်နေကြတာ တကယ်ကို ကြည်နူးစရာအလျူပုံရိပ်လေးတွေပါဘဲ ပရိသတ်ကြီးရေ ..။

သီချင်းအဆိုကောင်းပြီး ချစ်စဖွယ်အမူရာလေးတွေနဲ့ ပရိသတ်အချစ်တွေရယူထားတဲ့ မိုင်လေး ရဲ့ အလှူပုံရိပ်တွေကို မိုင်လေးကိုချစ်တဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။ မိုင်လေးရဲ့ ပရိသတ်တွေကလည်း သူမရဲ့အလှူလေးကို သာဓုခေါ်ဆို လိုက် ကြပါဦးနော် ။

Source : Yadanar My

Facebook Comments

admin

error: Content is protected !!