သိန်း ၅ ထောင်ထီပေါက်သော်လည်း ထီလက်မှတ်တစစီပြဲခဲ့တဲ့ ကံထူးရှင်ရဲ့ နောက်ဆက်တွဲသတင်း

အောင်ဘာလေ အကြိမ် (၂၀) မြောက် ထီဖွင့်ပွဲမှာ သိန်း (၅၀၀၀) ဆုနှစ်ဆုမှ တစ်ဆုကံထူးခဲ့တဲ့ ကံထူးနံပါတ် ကဌ-၁၇၉၉၅၆ နဲ့ကံထူးခဲ့သူ ကိုကိုလေးဟာ ထီလက်မှတ်ကို အမှတ်တမဲ့ထားမိရာမှ တူလေးဖြစ်သူက ကတ်ကြေးနဲ့ယူညှပ်ဆော့ထားပြီး တပိုင်းတစစီဖြစ်နေခဲ့တာကြောင့်ကံထူးပေမယ့်လည်း လွဲချော်ခဲ့ရပါတယ်။ ဒီဖြစ်စဉ်လေးကို ကြည့်ပြီးဆင်ခြင်သတိထားနိုင်ဖို့ Han Htun ဖေ့ဘုတ်အကောင့်မှ တင်ပေးခဲ့သော်လည်း မယုံကြည်သူများရှိနေခဲ့ကြတဲ့အတွက် ကာယကံရှင်မိသားစုရဲ့Live ဗီဒီယိုကိုထုတ်လွှင့်ပေးခဲ့ပါတယ်။

ပေးကားပေးသော်လည်း မရတဲ့အဖြစ်နဲ့ကြုံတွေ့ခဲ့ရတဲ့ ကိုကိုလေးရဲ့ဖြစ်စဉ်ဟာ မနေ့ညနေမှစကာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့ခဲ့ပြီးတော့ ကြားရသူ အပေါင်းစိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ထိုဖြစ်စဉ်ပျံ့နှံ့ပြီးနောက်မှာတော့ ကိုကိုလေးကို မိုးယံထီဆိုင်မှ ယနေ့ ၅ ရက်နေ့ မနက် ၈:၄၅ မိနစ်မှာ ဆက်သွယ်လာခဲ့တယ်လို့ သိရပါတယ်။

“ထီပေါက်ဖြတ်ပိုင်းပျောက်သတင်း နောက်ဆက်တွဲ ကျွန်တော်တင်ပြသောထီဖြတ်ပိုင်း ပျောက်ကြောင်းလိုင်း ပေါ်တင်တော့မိုးယံကသိတယ် မိုးယံသိတော့ကိုကိုလေးကိုဆက်သွယ်ပြီ ဒီလိုနဲ့ ယနေ့ ၅ ရက်နေ့နံနက် ၈နာရီ ၄၅မိနစ်မှာမိုးယံ ရုံးချုပ်ကကိုကိုလေး ဖုန်းကိုဆက်ပြီးပြတ်သွားသောအပိုင်းလေးဆက်ရှာရန်နှင့်ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း ထီအရောင်းမှမိုးယံရုံးချုပ်သို့ သောနံမည်ကိုကိုလေး ဖုန်း ၀၉၇၇၅၁၈၈၃၄၀ ဖြစ်ကြောင်းမှန်ကြောင်းပြောလာ၍ပြတ်နေသောထီဖြတ်ပိုင်းအစအနများတွေ့၍ထပ်မံတင်လိုက်ခြင်းပါဘော်ဘော်တို့ရေ” လို့ ထီလက်မှတ်ဖြတ်ပိုင်းတစစီဖြစ်ကြောင်း ဦးစွာလိုင်းပေါ်တင်ခဲ့သူ ဟန်ထွန်းက ရေးသားထားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ထီလက်မှတ်ရဲ့အနောက်မှာစည်းကမ်းချက်များပါဝင်ထားတာကြောင့်ပြန်ရဖို့ရာခိုင်နှုန်းနည်းပါးနေပါတယ်။We Love Cele

Source-Han Htun

Facebook Comments

admin

error: Content is protected !!