သူမစကားကို တစ်သွေမသိမ်းလိုက်နားထောင်တဲ့ တူလေးကြောင့် အချစ်တွေပိုခဲ့ရတဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်ဟာ ယခုဆိုရင်တော့ အန်တီနေရာကိုပါရရှိနေပြီဖြစ်ပါတယ်။ ညီမဖြစ်သူနဒီရွှေရည်ဟာ မနှစ်က မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီးတော့ ခုဆိုရင်တော့ မိသားစုဝင်အသစ်လေးဖြစ်တဲ့ တူလေးကို မွေးဖွားသန့်စင်ပေးခဲ့ပါတယ်။ ဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်ဖို့ကောင်းလှတဲ့ တူလေးကို ဝတ်မှုန်ရွှေရည်တစ်ယောက် သည်းသည်းလှုပ်ချစ်တာလည်းတွေ့ရပါတယ်။ တူလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲလိုလိုတင်ပြီး အသည်းတယားယားဖြစ်နေခဲ့တဲ့ ဝတ်မှုန်ရွှေရည်ကတော့ ဒီနေ့မှာ တူလေးရဲ့ နာခံတတ်မှုကြောင့် အချစ်တွေပိုခဲ့ရပါတယ်။

ပြင်သစ်မှာရိုက်ကူးထားတဲ့ လက်ကျန်ပုံလေးတွေကို ပြလိုက်တဲ့ ဝတ်မှုန်ရွှေရည်

ဝတ်မှုန်ရွှေရည်နဲ့ ချစ်စရာကောင်းတဲ့တူလေးရဲ့ပုံရိပ်တွေ

ဝတ်မှုန်ရွှေရည်က တူလေးကို လက်ခုပ်တီးပြခိုင်းတာဖြစ်ပြီးတော့ အဲ့အတိုင်းကိုလည်း တူလေးက လိုက်လုပ်ဆောင်ထားတာကြောင့် ဝတ်မှုန်ရွှေရည်တစ်ယောက် အသည်းတွေယားအောင် ဖြစ်ခဲ့ရပါတယ်။

Video ကြည့်ရန်

ဝတ်မှုန်ရွှေရည်ကတော့ ပထမဦးဆုံးရရှိလာတဲ့ တူလေးကိုသည်းသည်းလှုပ်ချစ်နေတာတွေ့ရပြီးတော့ အမြဲလိုလိုသူမရဲ့ Story မှာနေရာဦးထားတာကလည်း တူလေးရဲ့ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ သူမရဲ့စကားကိုလည်း နားထောင်တတ်တဲ့ တူလေးဖြစ်သူကို ဘယ်လောက်တောင် ချစ်နေမလဲဆိုတာတော့ တွေးသာကြည့်လိုက်တော့နော်….We Love Cele

Video Source-Wutt Hmone Shwe Yi

Facebook Comments

admin

error: Content is protected !!