အသက်အရမ်းမကွာဘူးထင်ပြီး ရွေးချယ်ခဲ့တယ်ဆိုတဲ့ မင်းဦးရဲ့ချစ်ဇနီးလေး

မင်းဦးနဲ့သူ့ရဲ့ချစ်ဇနီးလေးက အသက်အရွယ်ကွာဟမှုကြောင့် ” ဦးနဲ့သမီး ” ဆိုတဲ့ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးတစ်တွဲပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် တကယ်ကိုချစ်ကျွမ်းဝင်ခဲ့ပြီး ရွှေလက်တွဲခဲ့တာပဲဖြစ်ပါတယ်။ မင်းဦးရဲ့ချစ်ဇနီးလေး ခိုင်ဝေသူက မင်းဦးကို အသက်အရမ်းမကွာဘူးအထင်နဲ့ ချစ်သူအဖြစ်ရွေးချယ်ခဲ့တာဖြစ်ပြီး ချစ်ကြိုက်ပြီးမှ တကယ့်အသက်အမှန်ကိုသိခဲ့ရတယ်လို့ဆိုပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ချစ်လို့ရွေးချယ်ခဲ့ကြတာဖြစ်ပြီး လက်ရှိအိမ်ထောင်ရေးဟာလည်း အဆင်ပြေသာယာနေတယ်လို့ဆိုပါတယ်။ ယခင်က အနုပညာအလုပ်တွေလုပ်ရင် သဝန်တိုတာတွေရှိပေမယ့် အခုနောက်ပိုင်းမှာတော့ နားလည်ပေးပြီးသဝန်တိုတာတွေလျော့လိုက်ပြီလို့ဆိုပါတယ်။ အင်တာဗျူးဖြေနေစဉ်မှာ ချစ်ဇနီးလေးကိုပဲ တစိုက်မတ်မတ်ကြည့်နေတဲ့ မင်းဦးရဲ့မျက်ဝန်းတွေက အချစ်ရောင်စဉ်တွေဖြာလို့နေပါတယ်။

တစ်ယောက်နဲ့တစ်ယောက် သည်းခံနားလည်ခွင့်လွှတ်ပြီး နားလည်ပေးဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။ နှစ်ယောက်သားခေါ်တဲ့နာမ်စားလေး တွေကိုမေးတဲ့အခါမှာတော့ မင်းဦးရဲ့ချစ်ဇနီးလေးက ရှက်လို့နေပါသေးတယ်။ ကောလဟာလတွေကိုအပြောခံရပေမယ့် ဇနီးဖြစ်သူက နားလည်ပေးတယ်လို့လည်းဆိုပါတယ်။ ကံပါရင်တော့ကလေးယူမယ်လို့လည်းဆိုပါတယ်။

Exclusively by Myanmarload

Facebook Comments

admin

error: Content is protected !!