စတိုင်အသစ်လေးတွေနဲ့ ရှိုးထုတ်နေတတ်ပြီဖြစ်တဲ့ ဖေဖေမြင့်မြတ်ရဲ့သားလေး ဂျူနီယာမြင့်မြတ်

ပရိသတ်တိုင်းက ချစ်ခင်ရတဲ့အနုပညာရှင်တွေထဲမှာ အပါအဝင်ဖြစ်တဲ့ မြင့်မြတ်ကတော့ သူရဲ့ထူးချွန်နဲ့သရုပ်ဆောင်မှုတွေနဲ့ ရိုးသားတဲ့စိတ်ရင်းတို့ကြောင့် အောင်မြင်မှုရနေတာ ဖြစ်ပါတယ်။ လူငယ်ဘဝထဲက အနုပညာလောကကို အခြေချဝင်ရောက်ခဲ့တဲ့ မြင့်မြတ်က အခုဆိုရင် အကယ်ဒမီဆုကြီးကိုပါ ရရှိထားတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်နေပြီ ဖြစ်ပါတယ်။ ပကာသနတွေကင်းကင်းနဲ့ ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနေတဲ့ မြင့်မြတ်က ပျော်ရွှင်အေးချမ်းတဲ့မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပါတယ်။

အခုဆိုရင် မြင့်မြတ်က အရမ်းချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ သူနဲ့တစ်ထေရာတည်းတူတဲ့ သားလေးနဲ့ ကြည်နူးစရာမိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကတော့ ဖေဖေ့မြင့်မြတ်ရဲ့မွေးနေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ဆုလာဒ်လေးပဲ ဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဂျူနီယာမြင့်မြတ်လေးက လက်ရှိမှာတော့ အသက် (၄) လပြည့်တော့မှာ ဖြစ်ပါတယ်။

ဖေဖေ့ခြေရာကို တစ်ထေရာတည်းနင်းမယ့် ဂျင်းကောင်ပေါက်စလေးက အခုကတည်းက မျက်စိတစ်ဖက်မှိတ်တဲ့ အိုက်တင်လေးတွေပါ လုပ်တတ်နေပြီ ဖြစ်ပါတယ်။ ၀၀ကစ်ကစ်လေးနဲ့ တစ်နေ့တစ်ခြား ချစ်စရာကောင်းလာတဲ့ သားလေးက အခုလည်း စတိုင်အသစ်လေးတွေနဲ့ ရှိုးထုတ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်ရဲ့တစ်ဦးတည်သောလေး ဂျူနီယာမြင့်မြတ်လေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Myat Wai Tun

Facebook Comments

admin

error: Content is protected !!