နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ ခေတ်စားနေတဲ့ Tik Tok Challenge ကို ဟာသပုံစံနဲ့ ရိုက်ကူးထားတဲ့ အခွီတလိုင်းဗီဒီယိုဖိုင်

လတ်တလော လူမှုကွန်ယက်စာမျက်နှာမှာတော့ နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ ဗီဒီယိုဖိုင်လေးတစ်ခုက ရေပန်းစားအောင်မြင်နေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုဖိုင်လေးကတော့ သူတို့နှစ်ဦးပါဝင်သရုပ်ဆောင်ထားတဲ့ “အမုန်းတွေ ခေါက်ထားလိုက် ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဟာသဇာတ်ဝင်ခန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းလေးကိုတော့ Tik Tok မှာ ပြိုင်ပွဲတစ်ခုပြုလုပ်ထားပြီး ပရိသတ်တော်တော်များများက ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

အချစ်ဟာသ ဇာတ်ကားကောင်းလေးဖြစ်တဲ့ “အမုန်းတွေ ခေါက်ထားလိုက် ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နေတိုးနဲ့ မိုးဟေကိုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး ပရိသတ်တွေမနားတမ်းရယ်မောစေရမယ့် ဟာသအလွဲလေးတွေနဲ့ တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးအတွက် အမှတ်တရအဖြစ် ဇာတ်ဝင်ခန်းတစ်ခုကို Tik Tok Challenge ပြုလုပ်ထားပြီး အနိုင်ရရှိတဲ့သူ ၃ ယောက်ကို မိုးဟေကိုရဲ့ ” ကျွန်မချစ်သော” စာအုပ်ကို ချီးမြှင့်မှာပဲ ဖြစ်ပါတယ်။

အခုလည်း အဆိုတော် သိန်းလင်းစိုးနဲ့ ပန်းသော်တာတို့နှစ်ယောက်က နေတိုးနဲ့ မိုးဟေကိုရဲ့ ဇာတ်ဝင်ခန်းလေးကို Tik Tok မှာ မတူညီတဲ့ပုံစံနဲ့ ဟာသဗီဒီယိုလေး ရိုက်ကူးခဲ့ကြပါတယ်။ ဒီ Tik Tok ဗီဒီယိုလေးကိုတော့ ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကြသလို ကြည့်ရှုသူတွေ အများအပြားလည်း ရရှိထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နေတိုးနဲ့ မိုးဟေကိုတို့ရဲ့ ခေတ်စားနေတဲ့ Tik Tok Challenge ကို ပြန်လည် သရုပ်ဆောင်ပြီး ရိုက်ကူးထားတဲ့ အခွီတလိုင်းဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

video ကြည့်ရန်

Source:Thein Linn & အမုန်းတွေခေါက်ထားလိုက်

Facebook Comments

admin

error: Content is protected !!