ခရီးမှာပျော်ရွှင်နေကြတဲ့ ခေတ်လေး သစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး

ခေတ်နဲ့သစ်ဟာ အနုပညာရှင်အသိုင်းဝိုင်းကရော ပရိသတ်တွေပါ အရမ်းကိုချစ်ခင်ကြတဲ့ အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ အမြွှာသမီးလေးနှစ်ယောက် ဖြစ်ပါတယ် ။ ပရိသတ်ချစ်ခင်မှုအပြည့်အဝရထားတဲ့ ဆယ်လီလေး ခေတ်နဲ့သစ်ရဲ့ပုံရိပ်လေးတွေကို ချစ်သုဝေက လူမှုကွန်ယက်စာမျက်နှာကနေ အမြဲတမ်း ပရိသတ်တွေကို မျှဝေလေ့ရှိပါ တယ် ။

ချစ်သုဝေတို့ရဲ့ မိသားစုလေးက မြင်သူတိုင်းအားကျချင်စရာကောင်းလောင်အောင် သာယာလှပတဲ့ဘဝလေးဖြစ်ပါတယ်။လတ်တလောမှာတော့ သူတို့မိသားစုလေးဟာ အပန်းဖြေခရီးတွေထွက်နေတာဖြစ်ပြီး ခေတ်လေးသစ်လေးတို့နဲ့ အတူပျော်ရွှင်နေကြတဲ့ အမှတ်တရ ဗီဒီယိုဖိုင်လေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ မိသားစုလေးယောက်လုံးအရမ်းချစ်ဖို့ကောင်းပြီး ကြည်နူးစရာကောင်းတာအမှန်ပဲဖြစ်ပါတယ်။

ချစ်စရာကောင်းလွန်းတဲ့ ခေတ်နဲ့သစ်လေးတို့ကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် အရွယ်ရောက်လာပြီး တစ်နေ့တစ်ခြားပိုပိုပြီး ချစ်ဖို့ကောင်းလာတယ်ပါတယ်နော်။ကဲ…ချစ်ပရိသတ်ကြီးတွက် ခေတ်လေးသစ်လေးတို့ရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်။

Video ကြည့်ရန်

Source:Htwe Lynn Ko

Facebook Comments

admin

error: Content is protected !!