ကျောက်ကပ်ဆေးဖို့ အလှူငွေ ၅၂ သိန်းကျော် ရရှိခဲ့တဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်

ကျန်းမာရေး အခြေအနေကြောင့် အနုပညာ အလုပ်တွေဆက်မလုပ်တော့ဘဲ ရပ်နားထားရလို့ ငွေကြေးခက်ခဲနေတဲ့ ဟာသ သရုပ်ဆောင်ကစ်ကစ် ဟာ ကျန်းမာရေးအခြေနေ တော်တော်ဆိုးရွားလာလို့ ဆေးရုံပြန်တင်ထားခဲ့ရပေမယ့် ကျောက်ကပ်ဆေးဖို့ ဆေးဖိုးဝါးခ အခက်ခဲ ဖြစ်နေခဲ့တာပါ ။

ဒါပေမယ့် သူမကိုချစ်တဲ့ အနုပညာမောင်နှမတွေနဲ့ သူမရဲ့ ပရိသတ်တွေက သူမ ရောဂါဝေဒနာတွေ သက်သာစေဖို့ ကျောက်ကပ်ဆေးရန် အလှူငွေကောက်ခံ ပေးခဲ့ရာ စုစုပေါင်း မြန်မာငွေ ၅,၂၅၀၀၀၀ ကျပ်တိတိရရှိခဲ့ပါတယ် ။ ရရှိတဲ့ အလှူငွေတွေနဲ့ အခု လည်ပင်းဖောက်ပြီးကျောက်ကပ်ဆေးနေပြီပဲဖြစ်ပါတယ် ။

2.11.2018 မှ 5.11.2018 နေ့အထိ ရရှိသော အလှူငွေစုစုပေါင်း

(ကျပ် 5,250,000 သိန်း)

ကိုမြင့်မြတ် -500,000

ကိုယုန်လေး -500,000

ခင်သဇင် -3,500,000

ဒေါ် ယုနွယ်လှိုင် -400,000

Myo Wai Lynn. -200,000

Myintzu Win Han. -50,000

Don Don. -50,000

အမည်မသိသူ -30,000

အမည်မသိသူ -10,000

အမည်မသိသူ -10,000

ထပ်မံလှူဒါန်းလိုပါက KBZMBANKING

23930123900107301

KHIN THAZIN

မကစ်အတွက် KBZ Mobile Banking ကနေလွှဲပေးရင်လှူဒါန်းသူနာမည်လေးပါထည့်ရေးပေးဖို့ မေတ္တာရပ်ခံပါတယ်နော် ။

အလှူရှင်နာမည်လေး တွေ တင်ပေးချင်လို့ပါ လို့ သရုပ်ဆောင်ခင်သဇင်က ရေးသားထားတာပါ ။ လှူချင်တဲ့သူများ လှူလို့ရအောင် ဒီpost လေးကို share လေးတစ်ချက်နဲ့ကူညီပေးကြပါဦးနော်။

ပရိသတ်ကိုအမြဲပျော်ရွှင်ရယ်မောစေတဲ့ အန်တီကစ်တစ်ယောက် အမြန်ဆုံး သက်သာပျောက်ကင်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။ ချစ်ပရိသတ်ကြီးအနေနဲ့. အန်တီကစ်ကို လှူဒါန်းချင်ရင်တော့ အထက်ပါအတိုင်းလှူဒါန်းနိုင်ပါပြီနော် ။

Source: Khin Thazin

Facebook Comments

admin

error: Content is protected !!