ပရိသတ်တစ်ဦးရဲ့ ကိုယ်ချင်းမစာတဲ့လုပ်ရပ်ကြောင့် စိတ်မထိန်းနိုင်ဖြစ်သွားခဲ့ရတဲ့ နီလန်း

မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ လူသိများလာခဲ့တဲ့ နီလန်းဟာ မြန်မာအိုင်ဒေါ Season 3 မှာ Top 11 ထိဝင်ရောက်နိုင်ခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာလည်း ပုဂ္ဂိုလ်ရေးအရ ခက်ခဲတဲ့ ရင်ဆိုင်မှုတွေရှိခဲ့တဲ့နီလန်းဟာ ကြံ့ကြံ့ခံရင်ဆိုင်ပြီး တက်လှမ်းယှဉ်ပြိုင်နေခဲ့သူလည်းဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ဂီတလောကမှာ နေရာတစ်နေရာရရှိဖို့ ကြိုးစားနေပြီး ပွဲတွေများစွာကိုလည်း ဖျော်ဖြေနေတာတွေ့ရပါတယ်။

နီလန်းဟာ ဒီရက်ပိုင်းတွေမှာ မလေးရှားနိုင်ငံမှာကျင်းပတဲ့ ရှိုးပွဲတစ်ပွဲအတွက် တက်ရောက်ဖို့ မလေးရှားကိုရောက်ရှိနေတာဖြစ်ပါတယ်။ ထိုရှိုးပွဲမှာလည်း ပရိသတ်တစ်ဦးရဲ့ သည်းမခံနိုင်တဲ့အပြုအမူကြောင့် စိတ်မထိန်းနိုင်ဖြစ်ပြီး ပန်းစည်းနဲ့ပစ်ပေါက်လိုက်တဲ့ နီလန်းရဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတာဖြစ်ပါတယ်။ CYO Malaysia Show ပွဲကိုဖျော်ဖြေနေတဲ့ နီလန်းဟာ စင်ပေါ်ကနေဖျော်ဖြေနေရင်း စိတ်အခန့်မသင့်စရာတွေ ကြုံခဲ့ရပါတယ်။

CYO Malaysia Show ပွဲကို တက်ရောက်ခဲ့တဲ့ နီလန်းရဲ့ ဖက်ရှင်

ထိုသို့ပစ်ပေါက်လိုက်ရခြင်းအကြောင်းရင်းမှာလည်း ပရိသတ်တစ်ဦးက စင်အောက်ကနေ သူမကို တစုံတခုနဲ့ ပစ်လိုက်တာကြောင့် သူမရဲ့ မျက်နှာကို လာရောက်ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ ထိုသို့ ကိုယ်ချင်းမစာတဲ့လုပ်ရပ်ကြောင့် နီလန်းတစ်ယောက် သည်းမခံနိုင်ဖြစ်ခဲ့ရပြီးတော့ သူမလက်ထဲမှာကိုင်ဆောင်ထားတဲ့ ပန်းစည်းနဲ့ ပစ်ပေါက်လိုက်တာလို့ သိရပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့်လည်း ပရိသတ်တစ်ဦးရဲ့ လူမဆန်တဲ့ ထိုကဲ့သို့သော အပြုအမူတွေဟာ သည်းခံနိုင်ဖို့ ခက်ခဲလွန်းလှပါတယ်။

သည်းမခံနိုင်တော့လို့ ပန်းစည်းနဲ့ပစ်ပေါက်ခဲ့တဲ့ နီလန်း

Video Source-Rolan Thang Fambawl
Source : We Love Cele

Facebook Comments

admin

error: Content is protected !!