ပညာသင်ထောက်ပံ့ကြေးပေးမယ့် ကျောင်းသား(၁၂) ဦးကို စိစစ်ရွေးချယ်နေကြတဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ

မြန်မာနိုင်ငံရဲ့အနုပညာလောကမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ သူတို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပြေတီဦးပညာရေးဖောင်ဒေးရှင်းကို လွန်ခဲ့တဲ့ ၉နှစ်ခန့်က တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေတဲ့ ကျောင်းသား/သူလေးတွေကို နှစ်စဉ်နှစ်တိုင်း ကျောင်းထားပေးနေခဲ့တဲ့ ပြေတီဦးဖောင်ဒေးရှင်းကတော့ ဒီနှစ်မှာလည်း ထောက်ပံ့ကြေးလျှောက်ထားတဲ့ ကျောင်းသား/သူ လေးတွေကို ကိုယ်တိုင်ရွေးချယ်နေကြတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေအတွက် အနာဂါတ်မျိုးဆက်သစ်လေးတွေကို အထောက်အပံ့ပေးဖို့ အင်တိုက်အားတိုက် ကြိုးစားနေတဲ့ ပြေတီဦးတို့ဇနီးမောင်နှံရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပြေတီဦးကတော့ “ကျွန်တော်တို့ကို ချစ်ခင်အားပေးခဲ့တဲ့ ပရိသတ်ကြီးကို ကျေးဇူးဆပ်သောအားဖြင့် ပြေတီဦး ပညာရေးဖောင်ဒေးရှင်းကို တည်ထောင်ပြီး ပညာသင်ကြားရေးအတွက်အခက်အခဲ ရှိနေသော ကျောင်းသား/သူ များကို ကျောင်းထားပေးခဲ့တာ အခုလာမည့် နိုဝင်ဘာ ၃၀ ရက်နေ့ဆိုရင် ကိုးနှစ်တိုင်တိုင် ရှိပြီဖြစ်ပါတယ်…ဒီလောက်နှစ်ကာလကိုအောင် အောင်မြင်မြင်ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် ပျော်ရွှင် ဂုဏ်ယူမိသလို ချစ်လှစွာသော ပရိသတ်ကြီးနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်…

ဒီနေ့ အစည်းအဝေး ကတော့ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် အတွက် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ဥပဒေပညာရပ် များတက်ရောက်လို၍ ထောက်ပံ့ကြေးလျှောက်ထားသော ကျောင်းသား/သူ များထဲမှ ၁၂ ယောက်ကို အပြီးသတ်ရွေးချယ်သော အစည်းအဝေးပဲဖြစ်ပါတယ်.. အပြီးသတ်ရွေးချယ်ခံရသော ကျောင်းသား/သူ များကို မကြာခင်မှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်…

ကျွန်တော်တို့ ဖောင်ဒေးရှင်းမှ ဆရာဝန်ဖြစ်သွားသော ကျောင်းသားများ၊ အင်္ဂျနီယာ ဖြစ်သွားသောကျောင်းသားများ မှာလည်း တနှစ်ထက်တနှစ် ပိုမိုများပြားလာပြီဖြစ်ပါတယ်…ထိုကျောင်းသား/သူ များ ကျွန်တော်တို့ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေသည်ဆိုလျှင် ကျွနိတော်တို့ ပင်ပန်းရကျိုးနပ်ပါပြီ.. ဒါကြောင့် ဖောင်ဒေရှင်း ရေရှည်တည်တံ့အောင် ကြိုးစားရင်း ပရိသတ်ကြီး၏ကျေးဇူးကို သက်ဆုံးတိုင် ဆပ်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ်…အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ…” ဆိုပြီး အနာဂါတ်ရဲ့လူငယ်လေးတွေအတွက် တတ်နိုင်တဲ့ဘက်က ကူညီနေတဲ့ပုံရိပ်လေးတွေကို ဝေမျှပေးထားတာပါ။

အိန္ဒြာကျော်ဇင်ကတော့ “ဖြစ်နိုင်ရင် လျှောက်ထားတဲ့ကျောင်းသား ကျောင်းသူ အကုန်လုံးကို ရွေးပစ်လိုက်ချင်တာ….😁တစ်နေ့နေ့တော့ ဖြစ်အောင်ကြိုးစားကြပါမည်…..👍” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်မှာရေးသားထားပါသေးတယ်။ စိတ်ရင်းကောင်းလိုက်တဲ့ ဇနီးမောင်နှံနှစ်ဦးပါပဲနော်။

ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပရိသတ်ကိုရှေ့တန်းတင်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေတာကြောင့် တစ်နေ့တစ်ခြား အောင်မြင်မှုတွေ တိုးလာတာပါ။ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ဇနီးမောင်နှံကတော့ အမြဲလိုလို ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ်။

Credit-Momolay

Facebook Comments

admin

error: Content is protected !!