ခြောက်ကြိုးကဝေ ချစ်စမ်းမောင်ရဲ့ ဂစ်တာကို တီးခွင့်ရခဲ့တဲ့ မြင်းခြံက ဂီတညီအစ်ကိုနှစ်ဦး

မြင်းခြံကဂီတညီအစ်ကိုနှစ်ဦးဟာ သူတို့လေးတွေရဲ့ ငယ်ရွယ်ပြီးကျွမ်းကျင်လှတဲ့ဂီတပညာရပ်တွေကြောင့် နာမည်ကြီးလာခဲ့သူတွေဖြစ်ပါတယ်။ ညီအစ်ကိုနှစ်ဦးလုံးဟာ အသက်ငယ်ငယ်လေးနဲ့ တူရိယာတစ်မျိုးစီကျွမ်းကျင်စွာတီးခတ်နိုင်ကြသူတွေဖြစ်ပါတယ်။ သူတို့တီးခတ် သီဆိုထားတဲ့ ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေက အံ့သြချီးကျူးကြရလောက်အောင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

သူတို့ညီအစ်ကိုနှစ်ဦးရဲ့ သြချလောက်စရာ ကျွမ်းကျင်မှုတွေကြောင့် ဂီတအနုပညာရှင်အချို့နဲ့ ဆုံတွေ့ခွင့်ရရှိကြပြီးတော့ ယနေ့မှာတော့ မြန်မာနိုင်ငံရဲ့ Pro Guitarist တစ်ဦးဖြစ်သူ ချစ်စမ်းမောင်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။ ချစ်စမ်းမောင်ဟာ Iron Cross Band မှ လိဒ်ဂစ်တာသူရဲကောင်းတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဂစ်တာပညာရပ်ကို ကြိုးခြောက်ချောင်းဖြင့်ဖမ်းစားသူလို့ တင်စားခေါ်ဝေါ်ရလောက်အောင်ကို ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါတယ်။

မြင်းခြံက ညီအစ်ကိုနှစ်ဦးဟာ ချစ်စမ်းမောင်နဲ့ တွေ့ဆုံခွင့်ရရှိခဲ့ပြီးတဲ့အပြင် ဆရာချစ်စမ်းမောင်ရဲ့ ဂစ်တာကိုပါ တီးခွင့်ရရှိခဲ့ပါတယ်။ဆရာချစ်စမ်းမောင်က အကိုဖြစ်သူကို အမြတ်တနိုးတန်ဖိုးထားရတဲ့သူ့ရဲ့ ဂစ်တာလေးတစ်လက်ကို လက်မှတ်ထိုးပြီး လက်ဆောင်ပေးခဲ့တဲ့အပြင် ညီဖြစ်သူရဲ့ ဒရမ်တီးခတ်မှုကိုပါ နားဆင်ခဲ့ကြတာဖြစ်ပါတယ်။ မြင်းခြံက ဂီတညီအစ်ကိုနှစ်ယောက်ရဲ့ ရည်မှန်းချက်တွေဟာ တဖြေးဖြေးပန်းတိုင်ဆီသို့ ချီတက်လာနေခဲ့ပါပြီ။ ဂီတလောကမှာ အောင်မြင်တဲ့ Player တွေဖြစ်လာနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။We Love Cele

ဆရာချစ်ဂစ်တာကိုတီးခွင့်ရခဲ့လို့ ပျော်ရွှင်နေ

ညီဖြစ်သူရဲ့ လက်စွမ်းပြမှု

လက်မှတ်ထိုးပေးနေတဲ့ Video လေး

ဆရာချစ်ကို ကန်တော့နေကြတဲ့ ညီအစ်ကို နှစ်ဦး

Video Source-Thae Aye

Facebook Comments

admin

error: Content is protected !!