မြေးလေး Liam နဲ့ ချွတ်စွပ်တူတဲ့ သားလေးရဲ့ငယ်ဘဝပုံကို ထုတ်ပြလိုက်တဲ့ ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမ

ခေးလေး ယွန်းဝတီလွင်မိုးရဲ့ သားလေး Liam ဟာယနေ့နိုဝင်ဘာလ (၆) ရက်နေ့မှာတော့ (၃) လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ စက်တင်ဘာလ (၆) ရက်နေ့တုန်းက သြစတြေးလျနိုင်ငံမှာ အောင်မြင်စွာမွေးဖွားသန့်စင်နိုင်ခဲ့တာဖြစ်ပြီးတော့ ယခုလက်ရှိမှာတော့ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။ လာမယ့်ဖေဖော်ဝါရီလမှာ သြစတြေးလျမှာ ကျောင်းပြန်သွားမတက်ခင်အချိန်လေးမှာ ယွန်းဝတီလွင်မိုးဟာ သားလေး Liam လေးကို ဂရုတစိုက်အချိန်တွေပေးနေခဲ့တာဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးရဲ့ ယောက္ခမဖြစ်သူတွေကလည်း မြေးဖြစ်သူ Liam လေးကို မကြာခဏဆိုသလို လာရောက်ကြည့်ရှုတတ်ပြီးတော့ အသည်းတယားယားနဲ့ အချစ်တွေကိုရယူနေတာလည်းဖြစ်ပါတယ်။ ယနေ့ လီယျံလေးရဲ့ သုံးလပြည့်မွေးနေ့လေးမှာတော့ ဘွားဘွားဖြစ်သူက ဖခင် ထက်ဦးလှိုင်နဲ့ချွတ်စွပ်တူတဲ့အကြောင်းလေးကို ဓာတ်ပုံလေးတစ်ပုံနဲ့ သက်သေပြလိုက်ပါတယ်။

လီယျံလေးရဲ့ ပုံ

သားဖြစ်သူ ထက်ဦးလှိုင်ရဲ့ ငယ်ဘဝပုံရိပ်

လီယျံလေးရဲ့ ငယ်ရုပ်ဟာ ဖခင်ထက်ဦးလှိုင်ရဲ့ ငယ်စဉ်တုန်းကပုံလေးနဲ့ တစ်ပုံစံတည်းတူနေတာဖြစ်ပြီးတော့ သားနဲ့ ချွတ်စွပ်တူတဲ့ မြေးလေးကို ရရှိထားတာကြောင့် အချစ်ပိုနေခဲ့ရတာဖြစ်ပါတယ်။ ယွန်းလေးရဲ့ ယောက္ခမဖြစ်သူကတော့ ” ဖိုးသားလေးနဲ့ဖေဖေထက် ❤️တပုံထဲ😘 ” ဆိုပြီး လီယျံလေးရဲ့ ပုံလေးနဲ့ သားဖြစ်သူ ထက်ဦးလှိုင်ရဲ့ ငယ်ဘဝပုံလေးကိုယှဉ်ပြီး ပြထားတာဖြစ်ပါတယ်။

Source : We Love Cele
Photos-Shwe Htut Tin

Facebook Comments

admin

error: Content is protected !!