ကြည်နူးစရာကောင်းသလို အူတတ်အောင်လည်းရယ်ရမယ့် Challenge လေး တစ်ခုဆော့ပြလိုက်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ဗီဒီယို

အားကျပျော်ရွှင်စရာ အချစ်လေးကို ပိုင်ဆိုင်ထားကြတဲ့ ပြည်သူ့အချစ်တော် ဆယ်လီစုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးကတော့ အမြဲရိုမန်တစ်ဆန်မှုလေးတွေနဲ့ ပြည်သူပရိသတ်တွေကို အမြဲအားကျချစ်ခင်စေတဲ့ စုံတွဲလေးပါပဲ..။

အမြဲလိုက်ဖက်ညီချစ်စရာကောင်းနေတဲ့ နာမည်ကျော်သူတို့စုံတွဲလေးကတော့ အခုတစ်ခါမှာလည်း Challenge လေးတစ်ခု ဆော့ပြပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် ပြုလုပ်လိုက်ပါပြီနော်..။

သူတို့ ဆော့ကစားပြလိုက်တဲ့ “What’s in your mouth? ပါးစပ်ထဲမှာ ဘာရှိလဲ?..” ဆိုတဲ့ Challenge လေးကို ဆော့ကစားပြလိုက်တာ ဖြစ်ပြီး ကြည်နူးစရာကောင်းသလို အူတတ်အောင်လည်း ရယ်နေရတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြတာ ဖြစ်ပါတယ်..။

ပျော်စရာကောင်းလှတဲ့ သူတို့ရဲ့ကစားခဲ့တဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ဗီဒီယိုလေးနဲ့အတူ ပြန်လည်မျှဝေထားပြီး “ဒီကစားနည်းလေးကို ကြည့်ပြီးပရိသတ်တွေ ပျော်ရွှင်ကြပါစေဗျာ..” ပရိသတ်တွေကို ရယ်မောပျော်ရွှင်အောင် လုပ်လိုက်ပါပဲနော်..။

ချစ်ရတဲ့ ပရိသတ်တွေကိုလည်း “ကိုယ်နဲ့ Challenge လုပ်မယ့်

ချစ်သူ သူငယ်ချင်းတွေကို

Mention ခေါ်လိုက်တော့နော်..” ဆိုပြီးတော့လည်း ပရိသတ်တွေလည်း ပျော်ပျော်ရွှင်ရွှင် ရယ်မောဆော့ကစားကြဖို့လည်း တိုက်တွန်းထားပါသေးတယ်..။

ကဲ.. ချစ်ပရိသတ်ကြီးတွေလည်း ကိုယ်ချစ်တဲ့ သူတွေနဲ့ ပျော်ရွှင်ရယ်မောစရာ Challenge လေးဆော့ကစားဖို့ Mention ခေါ်လိုက်ရအောင်နော်..။

Video ကြည့်ရန်

Photo – Thu Riya & Hsu Eaint San

Facebook Comments

admin

error: Content is protected !!