ချစ်သူသက်တမ်း ၁နှစ်နဲ့ ၄လပြည့်မှာ ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောလိုက်တဲ့ ထွန်းထွန်း

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းကတော့ အမြဲလိုလို အကောင်းဆုံးသောအနုပညာတွေကို ချပြလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်သူလေးကိုလည်း ပိုင်ဆိုင်ထားတဲ့ ထွန်းထွန်းကတော့ ဒီနေ့လေးမှာ သူတို့နှစ်ဦးရဲ့ချစ်သူသက်တမ်း ၁နှစ်နဲ့ ၄လပြည့်ခဲ့တာမို့ ချစ်သူအတွက် အမှတ်တရစကားလေး ဆိုခဲ့တာပါ။ ချစ်ပရိသတ်တွေအတွက် အရမ်းကို လိုက်ဖက်ညီပြီး ချစ်စရာကောင်းတဲ့ ထွန်းထွန်းတို့ချစ်သူနှစ်ဦးရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သူလေးပေးတဲ့ ဆင်တူအကျီင်္လေးနဲ့ဆိုတဲ့ ထွန်းထွန်း

ထွန်းထွန်းကတော့ “♥️Happy 1 year & 4 months Anniversary♥️ အတူတူရှိကြတာ ရက်ပေါင်း ၄၈၉ ရက်ပြည့်ပြီ။ အစစအရာရာအခုထက်ပိုပြီးဂရုတစိုက်ချစ်ပါ့မယ်။ အလိုလိုက်ပါ့မယ်။ အခုကစပြီးနောက်ထပ်ရက်ပေါင်းများစွာ နှစ်ပေါင်းများစွာကို အတူတူကျော်ဖြတ်ကြမယ်နော်။ တခါတခါမှာ နားလည်မှုလွဲလို့အငြင်းအခုန်တွေဖြစ်ပြီးစကားတွေများကြရင်လည်း ချစ်တဲ့စိတ်နဲ့ပဲဖြေရှင်းကြမယ်။ အရမ်းးးးးချစ်တယ်သဲပိစိလေးရေ 1year_and_4months” ဆိုပြီး ချစ်သူလေးကို ဘယ်လောက်ချစ်ကြောင်းနဲ့ သူတို့နှစ်ဦးရဲ့အမှတ်တရပုံလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

ထွန်းထွန်းကတော့ သူ့ရဲ့အင်စတာဂရမ်မှာလည်း ချစ်သူကို ဘယ်လောက်ထိချစ်ကြောင်း တစ်ဖွဖွပြောတတ်သူတစ်ဦးပါ။

ထွန်းထွန်းတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးကိုတစ်ဦး စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေပေးပြီး ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပုံဖော်ခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း ၁နှစ်နဲ့ ၄လတိတိတောင် ရှိသွားပြီပဲ ဖြစ်ပါတယ်။ ချစ်သူကို အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းတဲ့ ထွန်းထွန်းကတော့ တကယ့်ကို ချစ်သူကောင်းတစ်ဦးဆိုရင်လည်း မမှားပါဘူး။

Credit-Momolay

Facebook Comments

admin

error: Content is protected !!