မင်းထက်နဲ့ စိုးနန္ဒာကျော်တို့ တရားရုံးပြောင်းလျှောက်တာနဲ့ ပတ်သက်ပြီး အနိုင်ရရှိသွားတဲ့ နှင်းအိရွှေရည်

အခုတစ်လောမှာ ပရိသတ်တွေအားလုံးက စိတ်ဝင်စားစောင့်ကြည့်နေရတဲ့အမှုကတော့ မော်ဒယ် နှင်းအိရွှေရည်နဲ့ သရုပ်ဆောင် မင်းထက်တို့ဇနီးမောင်နှံရဲ့ သုံးပွင့်ဆိုင်အမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင် မင်းထက်က အခုလက်ရှိမှာ မင်းသမီး စိုးနန္ဒာကျော်နဲ့အတူ တရားဝင်လက်ထပ်ပြီး ပေါင်းသင်းနေထိုင်တာဖြစ်ပေမယ့် မင်းထက်ရဲ့တစ်ချိန်က ဇနီးဟောင်းမှ သမီးလေးနဲ့ပတ်သက်ပြီး ဖခင်ဖြစ်ပေးရန် တောင်းဆိုရာကနေ အမှုအခင်းတွေအထိ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ သူတို့ရဲ့အရှုပ်တော်ပုံကတော့ တစ်စတစ်စကြီးထွားခဲ့ရာ အခုဆိုရင် တရားရုံးမှာ အမှုရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ မနှင်းအိရွှေရည်အနေနဲ့ မင်းထက်ရဲ့သမီးလေးအတွက် ဖခင်အဖြစ် အမည်ခံပေးရန် တောင်းဆိုမှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် မင်းထက်ကတော့ သူ့အနေနဲ့ ကလေးစရိတ်သာပေးနိုင်မယ်ဆိုပြီး ပြတ်ပြတ်သားသားပြောဆိုခဲ့ကာ မနှင်းအိရွှေရည်ရဲ့တောင်းဆိုမှုကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မင်းထက်နဲ့စိုးနန္ဒာကျော်တို့ ဇနီးမောင်နှံက လက်ရှိတရားရင်ဆိုင်နေတဲ့ တရားရုံးအစား ပုသိမ်မြို့နယ်ရှိ တရားရုံးမှာရင်ဆိုင်ဖို့ လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တရားရုံးပြောင်းလဲလျှောက်ထားမှုနဲ့ ပတ်သတ်ပြီး အခုဆိုရင်တော့ မနှင်းအိရွှေရည်ဘက်က အပြည့်အဝအနိုင်ရရှိသွားပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သူမက ” ဒီနေ့ကြားဖြတ်အမိန့်ချမှတ်မှာနဲ့ပတ်သက်ပြီး စိတ်ပူပေးကြတဲ့ ချစ်ရတဲ့ကျွန်မတို့သားအမိကိုဝန်းရံပေးကြသူအားလုံး..ကူညီပေးကြတဲ့ဆရာသမားများအားလုံးရဲ့ မေတ္တာတရားနဲ့ ကူညီစောင့်ရှောက်ပေးမှုကြောင့် ဒဂုံအရှေ့တရားရုံးတွင်သာ စီရင်ပိုင်ခွင့်တရားရုံးအဖြစ်သတ်မှတ်ခံလိုက်ရပါပြီရှင် ..အားလုံးကိုရင်ထဲကနေထာဝရကျေးဇူးတင်ပါတယ်ရှင် ” ဆိုပြီး သူမရဲ့ facebook မှာ ပြောကြားထားတာ တွေ့ရပါတယ်။

Source : myanmarload.com

Facebook Comments

admin

error: Content is protected !!