နာမည်ကြီးအကယ်ဒမီမင်းသမီးတစ်ဦး တောင်ကြီးမြို့တွင်လက်ထပ်လိုက်ဟု သတင်းများထွက်ပေါ်

နာမည်ကြီးအကယ်ဒမီဆုရှင် မင်းသမီးတစ်ဦး တောင်ကြီးမြို့မှာ လက်ထပ်လိုက်ပြီဆိုတဲ့သတင်းတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ သူမဟာ ဘယ်သူဘယ်ဝါမှန်းတော့ အတိအကျဖော်ပြထားခြင်းမရှိဘဲ ဂျာနယ်တစ်ခုက ရေးသားဖော်ပြထားခြင်းဖြစ်ပါတယ်။ ထိုဂျာနယ်ရဲ့ ရေးသားချက်ထဲမှာတော့ မြန်မာပြည်ရဲ့ ထင်ရှားတဲ့ နာမည်ကြီးအကယ်ဒမီမင်းသမီးတစ်ဦးဟာ တောင်ကြီးမြို့က အသက်(၃၀) အရွယ် သူမရဲ့ ချစ်သူနဲ့ လွန်ခဲ့သော တစ်လလောက်က လက်ထပ်လိုက်တယ်လို့ ကြားသိရတယ်ဆိုပြီး ရေးသားထားပါတယ်။

” ကောင်လေးကလည်း ရိုးရိုးအေးအေးပါ။ ခုတော့ သူလည်း လွတ်လပ်သူဖြစ်သွားပြီဆိုတော့ လက်ထပ်လိုက်ကြတာနဲ့ တူပါတယ်။ လူတွေလည်း သိပ်သိစေချင်ပုံမရဘူးဗျ။ ဘယ်မှလည်း သိပ်မသွားကြဘူး။ တစ်ခါတလေလောက်မှ အပြင်ထွက်ပုံရတယ်။ ကျွန်တော်တောင် မိတ်ဆွေတစ်ယောက်ပြောလို့သိရတာ။ ဘာပဲပြောပြော တစ်ယောက်တည်း နေတာထက်စာရင် မင်းသမီးအတွက် တည်ငြိမ်မှုလေးတစ်ခုရသွားတာပေါ့။ ကျွန်တော်တို့ တောင်ကြီးသားတွေက ရိုးလည်းရိုးသားကြသလို မိန်းမကိုလည်း အရမ်းချစ်တတ်ပါတယ်ဗျာ” လို့ ဖြေကြားထားတာကို ထိုဂျာနယ်ထဲမှာ ထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

ဒါ့အပြင် ယခုတောင်ကြီးမှာ လက်ထပ်သွားတဲ့ အကယ်ဒမီမင်းသမီးဟာ နာမည်လေးလုံးနဲ့ဖြစ်တယ်ဆိုပြီး လူမှုကွန်ယက်ပေါ်မှာပျံ့နှံ့နေပါတယ်။ ဒါ့အပြင် ဖေ့ဘုတ်အသုံးပြုသူတစ်ဦးရဲ့ ဖြေကြားချက် Screenshot တစ်ခုကိုလည်း အကုန်သိမီဒီယာရဲ့ Cele 24 အစီအစဉ်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။We Love Cele

Photos-Google
Source-Akonthi

Facebook Comments

admin

error: Content is protected !!