တောင်ကြီးကို သီလရှင်ဝတ်သွားရင်း နောက်ထပ်အိမ်ထောင်ပြုလိုက်တယ်လို့ သတင်းများ ထွက်ရှိနေတဲ့ ထက်ထက်မိုးဦး

အကယ်ဒမီ ဆုရှင် မင်းသမီးတစ်ဦးဖြစ်တဲ့ မင်းသမီးချော ထက်ထက်မိုးဦးကတော့ တစ်ချိန်က ထက်ထက်ရယ် လို့ လူတိုင်း ပါးစပ်ဖျားမှာ တသသ အောင်မြင်ခဲ့သူဖြစ်ပါတယ်။ သူမရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးတိုင်းသာမက ကြော်ငြာတွေတိုင်းဟာလည်း သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့သလို အကယ်ဒမီဆုတွေများစွာသိမ်းပိုက်ထားနိုင်တဲ့ ပြည်သူချစ်မင်း သမီးချော ထက်ထက်မိုးဦးဟာ ယနေ့ချိန်ထိ စန်းမကျသေးတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။

အနုပညာလောကကနေ နှစ်အကြာကြီး အနားယူထားရာကနေ ပြန်လည်အနုပညာလောကထဲ ဝင်ရောက်လာစဉ်မှာ ထက်ထက်ဟာ “စစ်လွန်းဝတီမိုး” ဆိုတဲ့ ချစ်စရာကောင်းတဲ့ သမီးချောလေးကို မွေးဖွားခဲ့ပြီးဖြစ်ပါတယ်။ အမေတူသမီးလေးမို့ အရမ်းကို ချစ်ဖို့ကောင်းသလို အမေဖြစ်သူရဲ့ အိုက်တင်နဲ့ သရုပ်ဆောင်ပညာတွေကိုပါ မသင်ပေးပဲ တတ်မြောက်နေသူလေးဖြစ်ပါတယ်။ ခင်ပွန်းဟောင်းဖြစ်သူ အဆိုတော် စိုင်းလွန်း နဲ့ အကြောင်းကြောင်းကြောင့် အဆင်မပြေမှုတွေကနေ ကိုယ်စီလမ်းကို လျှောက်လှမ်းကာ လမ်းခွဲခဲ့ပြီး လက်ရှိမှာတော့ ထက်ထက်ရဲ့ လက်ရှိနောက်ထပ်ပြုလိုက်တဲ့ အိမ်ထောင်ရေး အသစ်နဲ့ ပတ်သက်လို့ ကောလဟာလများ ထွက်ရှိနေပါတယ်။

ထပ်ဆင့် အကယ်ဒမီချော ထက်ထက်မိုးဦး အနေနဲ့ တရားရိပ်ကိုခိုလှုံဖို့အတွက် တောင်ကြီးမြို့ကို သီလရှင်ဝတ်သွားရင်း အသက်(၃၀)အရွယ်ဝန်းကျင်ရှိတဲ့ လူငယ်တစ်ဦးနဲ့ လက်ထပ်ခဲ့ ထိမ်းမြားလိုက်ပြီးဆိုတဲ့ အကြောင်း စာစောင်တစ်ခုက ဖော်ပြထားသလို ထက်ထက်ရဲ့ မကြာသေးခင်က လက်ထပ်လိုက်တဲ့ ခင်ပွန်းသည်လို့ ယူဆရတဲ့ နှစ်ယောက်စုံတွဲပုံတချို့ Facebookစာမျက်နာမှာ ပျံနှံနေပါတယ်။စာစောင်မှာ လူငယ်ဟာ ငယ်ရွယ်ချောမောသလို လူရိုးလူအေး တစ်ယောက်ဖြစ်ကြောင်း နဲ့ ထက်ထက်ရဲ့ နာမည်ကို အတိအကျမဖော်ပြထားသော်လည်း တောင်ကြီးကို သီလရှင်ဝတ်သွားခဲ့သူမှာ ထက်ထက်မို့ သူမဖြစ်ကြောင်း အတပ်ပြောဆိုနေကြပါတယ်။ အိမ်ထောင်ရှိ အမျိုးသားတစ်ဦးဖြစ်သလို သူမရဲ့ ခင်ပွန်းဖြစ်ကြောင်း မိန်းကလေးတစ်ဦးက ပြော ဆိုထားတဲ့ Facebook Message Conversationကနေ ရိုက်ကူးထားတဲ့ Sreenshotတွေပါ နောက်ဆက်တွဲ သတင်းအဖြစ် ကောလဟာလထွက်ရှိလို့ နေပါတယ်။ ကောလဟာလ သတင်းတစ်ပုဒ်အနေနဲ့ ထက်ထက်ကို ဝေဖန်မှုတွေ ပြည့်နက်နေပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ထက်ထက်ကိုယ်တိုင်က အတပ်အခိုင်အမာ ပြောဆိုဖြေရှင်း ထားခြင်း မရှိသေးသလို လက်ရှိ အွန်းလိုင်းမီဒီယာထက်မှာ ပျံနှံလျှက်ရှိနေတဲ့ ကောလဟာသတင်းတစ်ပုဒ်အဖြစ်ဖော်ပြလိုက်ရပါတယ်။

Source : myanmarload.com page မှကူးယူဖော်ပြပါသည်
source : Online Facebook Media Photo ;

Facebook Comments

admin

error: Content is protected !!