ဆွဲဆောင်မှုတွေပြည့်နေတဲ့ အလန်းစားပုံစံလေးနဲ့ သူမရဲ့ဟင်းချက်စွမ်းရည်ကို ပြသလိုက်တဲ့ ပိုပိုရဲ့ဗီဒီယိုဖိုင်

အဆိုတော်မလေး ပိုပိုကတော့ လတ်တလောမှာ တစ်နေ့တစ်ခြား ညို့အားပြင်းတဲ့အလှတွေနဲ့ ဆွဲဆောင်မှုတွေ ပိုလာတာတွေ့ရပါတယ်။ သာယာချိုမြတဲ့ အသံလေးနဲ့တင် ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ သူမက ရင်ခုန်ချင်စရာ အလှတရားတွေနဲ့လည်း မြင်သူတိုင်းချစ်မိစေနိုင်သူလေးလည်း ဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေတွေ ထွက်ရှိအောင်မြင်နေတဲ့ ပိုပိုက ” ချစ်ဖူးခဲ့သမျှ” ဆိုတဲ့ ပထမဆုံးအခွေလေးနဲ့တင် လူသိများလာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုပိုက သူမရဲ့အခွေသစ်လေးအတွက် ရှိုးပွဲတွေပြုလုပ်ရင်း သီချင်းဆိုဖျော်ဖြေနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပိုပိုတစ်ယောက် ဥပဒေတတိယနှစ် စာမေးပွဲကို ဒဂုံတက္ကသိုလ်မှာ တက်ရောက်ဖြေဆိုခဲ့ပါတယ်။ ဒါ့အပြင် ပိုပိုက “ရှပ် 4 ချစ်သူ” ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ အခုလည်း ပိုပိုက ချစ်စရာကောင်းတဲ့ ဂါဝန်လေးကိုဝတ်ဆင်ပြီး ပရိသတ်တွေအတွက် Live လွှင့်ကာ စတိုင်ကျကျ ဟင်းချက်ပြခဲ့ပါတယ်။

သူမရဲ့ဟင်းချက်စွမ်းရည်တွေကို အစွမ်းကုန်ထုတ်ပြခဲ့တဲ့ ပိုပိုက ဟင်းချက်နေတာတောင်မှ စွဲမက်ဖွယ်ကောင်းလောက်အောင် အရမ်းလှပနေတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ပိုပိုက ရင်ခုန်ချင်စရာ အလှတရားတွေနဲ့ ပြည့်ဝနေပြီး ပရိသတ်တွေနဲ့ အပြန်အလှန်စကားတွေ ပြောခဲ့ကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်မလေး ပိုပိုရဲ့ ဟင်းချက်စွမ်းရည်ကို ပြသထားတဲ့ Live ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Source:ပိုပို;

Facebook Comments

admin

error: Content is protected !!