မှန်အကွဲဖုန်းလေးကိုင်နေတဲ့ အကိုဖြစ်သူ နီကိုးလပ်စ်ကို နောက်ဆုံးပေါ် iPhone နဲ့ Surprise လုပ်ခဲ့တဲ့ နီလန်း

နီလန်းကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေနဲ့အတူ မြန်မာအိုင်ဒေါရဲ့ Top 11 ထိတက်လှမ်းလာနိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပါတယ်။ နီလန်းဟာ ပြိုင်ပွဲဝင်နေစဉ်ကာလအတွင်းမှာလည်း ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခံစားမှုတွေရှိခဲ့သူလည်းဖြစ်ပါတယ်။ နီလန်းတစ်ယောက် ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်ခဲ့ခြင်းမရှိပေမယ့် ပြိုင်ပွဲပြီးသွားတဲ့အချိန်မှာတော့ ဂီတလောကမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နီလန်းရဲ့ အကိုဖြစ်သူဟာလည်း အိပ်မက်ဆုံရာပြိုင်ပွဲနဲ့ လူသိများလာတဲ့ နီကိုးလပ်စ်ပဲဖြစ်ပါတယ်။ နီကိုးလပ်စ်ဟာ အိပ်မက်ဆုံရာပြိုင်ပွဲမှာ အင်္ဂလိပ်သီချင်းတွေသီဆိုယှဉ်ပြိုင်ရင်း ပရိသတ်တွေအကြိုက်တွေ့ခဲ့ရတဲ့ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။ နီလန်းဟာ နီကိုးလပ်စ် ရဲ့ ညီမဖြစ်ပြီး နီကိုးလပ်စ်လိုပဲ အဆိုပိုင်းမှာကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်ပါသေးတယ်။

နီလန်းတစ်ယောက်ကတော့ သူ့အနားမှာ အမြဲဂရုတစိုက်နဲ့ နေပေးတဲ့အကိုဖြစ်သူ နီကိုးလပ်စ်ကို စပရိုက်လုပ်ခဲ့ပါတယ်။ အကိုဖြစ်သူ နီကိုးလပ်စ် ဟာ ဖုန်းမှန်ကွဲလေးကိုင်သုံးနေရတာကြောင့် အကိုဖြစ်သူကို နောက်ဆုံးပေါ် iPhone Xs ဝယ်ပြီး Surprise လုပ်ခဲ့တာဖြစ်ပါတယ်။

နီလန်းကတော့ ” သူ့ကို Surprise လုပ်ပေးချင်တာ ကြာပေါ့ 😊 iphone 6 မှန်ကွဲလေးပဲသုံးနေတာ ပတ်ခြာကိုလည်လို့ ပြင်လည်းမပြင်ချင်ဘူး ….. သူ့ဖုန်းရဲ့အတွင်းပိုင်တောင်မြင်လို့ရတယ် 😂 ခုတော့ သူ့ကိုလုပ်ပေးနိုင်ခဲ့ပြီလေ 😍 ချစ်တယ်လို့❤️….. ဘာမှလျှောက်မတွေးပဲ ညီမ ရဲ့Fashion အတွက်ပဲ စဉ်းစားပါလို့ …. နော် Nicholas Pasangma I’m your one & only sister,ok?အမှတ်တရလေးဖြစ်အောင် Video ရိုက်လိုက်တာ 😊” လို့ အကိုဖြစ်သူကို Surprise လုပ်တဲ့ဗီဒီယိုလေးကိုတင်ထားခဲ့တာဖြစ်ပါတယ်။ နီလန်းတစ်ယောက် အကိုဖြစ်သူကို Surprise လုပ်လိုက်ရလို့ ဝမ်းသာပျော်ရွှင်နေခဲ့ပါတယ်။

Video ကြည့်ရန်

Source : We Love Cele
Photos-Nilen

Facebook Comments

admin

error: Content is protected !!