တိတ်တဆိတ်လက်ထပ်လိုက်ပြီဆိုတဲ့ သတင်းမမှန်ကန်ကြောင်း ဖြေရှင်းလိုက်တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦးရဲ့ ကောလဟာလတွေဟာ ဒီရက်ပိုင်းအတွင်းမှာ လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာခဲ့ပါတယ်။ တောင်ကြီးမှာ တိတ်တဆိတ်လက်ထပ်သွားပြီဆိုတဲ့ သတင်းတွေကြောင့် သူမရဲ့ပရိသတ်တွေလည်း စိတ်ပူပန်ခဲ့ရတာဖြစ်ပါတယ်။

အချိန်အတော်ကြာအနုပညာလောကကနေ ပျောက်ကွယ်နေတဲ့ ထက်ထက်မိုးဦးတစ်ယောက် တကယ်ပဲ အိမ်ထောင်ပြုလိုက်ပြီလားဆိုပြီး ပရိသတ်တွေက သံသယတွေဖြစ်နေခဲ့ကြတာပါ။ ဒီသံသယတွေကိုတော့ သရုပ်ဆောင်ထက်ထက်မိုးဦးက ဧရာဝတီသတင်းဌာနမှာ ဖြေကြားပြီး ဖြေရှင်းလိုက်ပါတယ်။

ထက်ထက်မိုးဦးကတော့ လက်ရှိမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးနေနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ တစ်ယောက်တည်း နေထိုင်နေပြီးအလုပ်တွေလုပ်ကိုင်နေတယ်လို့ပြောကြားထားပါတယ်။ ယခုလိုမျိုး သတင်းတွေထွက်ပေါ်လာတဲ့အပေါ်မှာလည်း ပရိသတ်တွေအနေနဲ့ မစိုးရိမ်ကြဖို့ကိုလည်း ထက်ထက်မိုးဦးက ပြန်လည်ပြောဆိုခဲ့ပါတယ်။ သူမအနေနဲ့ အသက် (၄၀) ကျော်ရှိနေပြီဖြစ်တာကြောင့် သေရင်ကိုယ့်နောက်ပါမယ့် အရာတွေကိုပဲ လုပ်ကိုင်တော့မှာဖြစ်ကြောင်းနဲ့ ပရိသတ်တွေမသိဘဲ ဘယ်ကိစ္စကိုမှ မလုပ်ကြောင်း သူမလုပ်တဲ့ကိစ္စမှန်သမျှကိုလည်း ပရိသတ်တွေကိုလျို့ဝှက်မထားဘူးလို့ ဖြေရှင်းပြောဆိုလိုက်ပါတယ်။

Video ကြည့်ရန်

Video Source : The Irrawaddy Lifestyle
Source : We Love Cele

Facebook Comments

admin

error: Content is protected !!