သူများနဲ့မတူချင်လို့ သူများထက်ထူးခြားတဲ့ ဖက်ရှင်မျိုးတွေ ၀တ်ချင်လို့ ဒီလိုဖက်ရှင်မျိုးတွေ ၀တ်ဖြစ်တာပါ ဆိုတဲ့ သင်ဇာဝင့်ကျော်

သင်ဇာလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ ပုရိသပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ မင်းသမီးချောတစ်ဦးပါပဲ..။

သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းစကားပြောဟန်၊ အချိုးအစားကျပြီး ဆွဲအားပြင်းလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှနဲ့ မြင်သူတကာငေးရတဲ့ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေသူလေးပါ..။

အနုပညာအလုပ်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေသလို TVကြော်ငြာ၊ ဓာတ်ပုံကြော်ငြာနဲ့ မဂ္ဂဇင်းတွေလည်း ရိုက်ကူးပေးဖြစ်နေတဲ့သူမက အခမ်းအနားပွဲတော်တော်များများကိုလည်း တတ်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

ခပ်မိုက်မိုက်ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ ပရိသတ်တွေကို အမြဲရင်ခုန်အောင် ပြုစားတတ်တဲ့ သင်ဇာကတော့ နိုဝင်ဘာ(၆)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Launch Of Football team Jersey(Warrix) မိတ်ဆက်ပွဲ အခမ်းအနားလေးကိုလည်း အမိုက်စားဖက်ရှင်ဒီဇိုင်းလေးနဲ့ တတ်ရောက်လာပြန်ပါတယ်..။

ဆွဲဆောင်မှုရှိလွန်းလှတဲ့ သူမရဲ့ခန္ဓာကောက်ကြောင်းအလှကို ပေါ်လွင်စေတဲ့ အနက်ရောင်ဖက်ရှင်လေးနဲ့ ယုံကြည်မှုရှိရှိ ပွဲတတ်လာတဲ့ ပုံရိပ်လေးတွေကတော့ တကယ့်ကို လုံးဝအလွင့်ပါပဲ ပရိသတ်ကြီးရေ..။ ပွဲတက်ဖက်ရှင်နဲ့ပတ်သတ်ပြီးတော့လဲ သင်ဇာက “သူများဝတ်တဲ့ဟာမျိုးတွေ သိပ်မ၀တ်ချင်ဘူး၊ သူများထက်ထူးခြားတဲ့ ဖက်ရှင်မျိုးတွေ ၀တ်ချင်လို့ ဒီလိုဖက်ရှင်မျိုးတွေ ၀တ်ဖြစ်တာပါ” လို့ပြောလာခဲ့ပါတယ်။

မြင်သူတကာငေးရလောက်အောင် ခပ်မိုက်မိုက်ပွဲတတ်ဖက်ရှင်နဲ့ သူမရဲ့ အလှပုံရိပ်လေးတွေကလည်း ပုရိသပရိသတ်တွေကို ရူးခါသွားလောက်အောင် ညို့အားပြင်းပြင်းနဲ့ ဖမ်းစားလိုက်တာပါပဲနော်..။

Video ကြည့်ရန်

Video Source : Myanmar celebrity

Facebook Comments

admin

error: Content is protected !!