အကြောင်းရင်းအမှန်မသိဘဲ မကောင်းပြောနေသူများအတွက် အမှန်တရားတစ်ခုကိုချပြလိုက်တဲ့ ယုန်လေး

ငါမုန်းတဲ့အက္ခရာဇာတ်ကားကို သရုပ်ဆောင် ရွှေမှုန်ရတီက လက်ခံရိုက်ကူးနေတာဖြစ်ပြီးတော့ ရွှေမှုန်ရတီ မင်္ဂလာဆောင်တော့မယ့်အကြောင်းအသိပေးပြီး ပျံ့နှံ့ခဲ့တဲ့နောက် ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က မင်းသမီးအပြောင်းအလဲလုပ်ခဲ့တာဖြစ်ပါတယ်။ ရွှေမှုန်ရတီနဲ့ ဆက်လက်ရိုက်ကူးမှုမပြုလုပ်တော့ဘဲ ခင်ဝင့်ဝါကိုအစားထိုးရိုက်ကူးဖို့စီစဉ်လိုက်တာကြောင့် ပရိသတ်တွေကြားဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ခင်ဝင့်ဝါကလည်း သူမကိုပေးလာတဲ့ ကာရိုက်တာအပေါ်မှာ အကောင်းဆုံးကြိုးစားသွားပါမယ်လို့ မီဒီယာတွေရဲ့အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ သို့ပေမယ့်လည်း ရွှေမှုန်ရတီအနေနဲ့ သရုပ်ဆောင်မှုပိုမိုပီပြင်တယ်ဆိုပြီး ပရိသတ်တွေက ဝေဖန်မှတ်ချက်တွေရေးသားနေပြီး ခင်ဝင့်ဝါအပေါ်မှာ တိုက်ခိုက်မှုတွေရှိလာတာကြောင့် ယုန်လေးက အမှန်တရားတစ်ခုကို ချပြလိုက်တာဖြစ်ပါတယ်။ ယုန်လေးက ဒီမှတ်ချက်ကိုတော့ Myanmar Celebrity ကခင်ဝင့်ဝါကိုအင်တာဗျူးထားတဲ့ ဗီဒီယိုအောက်မှာ မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။

“ဝင်ရေးဖို့ အစီစဉ်မရှိပါဘူး ဒါပေမယ့် ဘာကြောင့်လဲ ဘာလဲ အမှန်တရားတစ်ခု မသိပဲနဲ့ တစ်စိတ်ရှိရင် ဝင်ဆဲမယ် မကောင်းပြောမယ်ဆိုတာကြီးပဲ .ရွှေမှူံအိုက်တင် အရမ်းကောင်းတာပေါ့ ဒါပေမယ့် ရွှေထူးနဲ့ မင်္ဂလာဆောင်မယ်ဆိုပြီး ရုတ်တရက်ကြီး ရိုက်ရင်းတန်းလန်း မရိုက်ပဲ ဘယ်ရောက်သွားမှန်းမသိ အားလုံးကိုဒီတိုင်းထားခဲ့တာ ဒါရိုက်တာ ဦးညီ အောင်ရဲလင်း မကြီးစိုး Tyron . ကျန်တဲ့သက်ဆိုင်ရာ အများကြီးပေါ့ . ရွှေမှူံရိုက်လက်စတွေအတွက် အစကပြန်နေ ပြန်ရိုက်ရမှာ . ပါဝင်တဲ့သူအကုန်လုံးပဲ အချိန် ကုန်ကျစရိတ် နေပြည်တော်မှာဆိုတော့ လူအယောက်၁၀၀ကျော် နေရေးထိုင်ရေး စားစရိတ် တစ်ရက်ဆိုတစ်ရက်သိသာပါတယ် . အစည်းရုံးမှာလည်း ထုပ်လုပ်သူဘက်က ကုန်ကျစရိတ် နစ်နာစရိတ်တွေအတွက် တိုင်ထားပါတယ် . ရွှေထူးက ညီလေးပါ သူတို့ကိုလည်းချစ်ပြီးသားပါ . အလုပ်တစ်ခုလုပ်တာ ကိုယ်မရိုက်ချင်ရင် အစောကြီးထဲက မရိုက်နဲ့ပေါ့ . မင်္ဂလာဆောင်လို့ရတယ် . အပျော်ခရီးသွားလို့ရတယ် ရိုက်ရင်တန်းလန်းတော့မသွားနဲ့လေ . ရိုက်ပြီးရင်သွား . နောက်ဆုံး မရိုက်ခင် စရံပြန်အမ်းပြီး ဖျက်လိုက်ပေါ့ . အခုလိုဝင်ပြောတော့လည်း မကောင်းပါဘူး။ ဒီလို အရူပ်တွေကြားထဲမှာ ဘယ်သူမှ သူများနေရာ ဝင်မရိုက်ချင်ဘူး .ပြီးတော့ ရွှေမှူံက အိုက်တင်ပိုကောင်းတဲ့လူ သူအပြောဆိုခံ အဆဲခံရမှာလဲ သိသိနဲ့ ခင်ဝင့်ဝါက ဝင်ကူညီတာပါ အားလုံး Peace . . . ” လို့ အကြောင်းရင်းအမှန်ကို ချပြပြောဆိုလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေအနေနဲ့လည်း အကြောင်းရင်းအမှန်ကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့် တစ်ဖက်နဲ့တစ်ဖက်ထိခိုက်မှုဖြစ်စေတဲ့အရေးအသားမျိုးတွေ ဆက်လက်မရေးသားကြဖို့ မေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်။We Love Cele

ယုန်လေးရေးသားထားခဲ့တဲ့ မှတ်ချက်ပေးမှု

Photos-Shwe Mhone Yati & Khin Wint Wah

Facebook Comments

admin

error: Content is protected !!