မင်္ဂလာမဆောင်ခင် သူတို့ရဲ့ ရိုဆန်တဲ့ ချစ်စရာပုံလေးတွေ တင်လိုက်တဲ့ ရွှေနှစ်ရွှေ

ပရိသတ်ကြီးရေ ရွှေထူးနဲ့ ရွှေမှုန်ရတီတို့စုံတွဲကတော့ လတ်တလောမှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားတဲ့စုံတွဲလေးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားတွေအတူ ရိုက်ကူးရင်း အချစ်ပိုလာခဲ့ကာ ချစ်သူအဆင့်ကို ရောက်ရှိခဲ့တဲ့သူတို့နှစ်ဦးက ဝေဖန်မှုတွေကြားက အချစ်တွေခိုင်မြဲနေကြတာလည်း ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံတို့နှစ်ဦးကတော့ မကြာခဏဆိုသလို သူတို့ရဲ့My Day မှာ ပုံလေးတွေ တင်လေ့ရှိပါတယ်။

သူတို့နှစ်ယောက်က အမြဲလိုလို ချစ်တဲ့အကြောင်းလေးတွေနဲ့ ပုံလေးတွေကို တင်လေ့ရှိပြီး မကြာမီရက်ပိုင်းကတော့ စေ့စပ်ပွဲအခမ်းနားလေးကို နေပြည်တော်မှာ ပြုလုပ်ကျင်းပပြီးစီးခဲ့တာဖြစ်ပြီး ခုလာမဲ့ ၁၁.၁၁.၂၀၁၈ မှာ လက်ထပ်မင်္ဂလာပွဲကျင်းပတော့မယ့် သတင်းလေးကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်။လတ်တလောမှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်နေကြတဲ့ ချစ်စရာ အမှတ်တရပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

ပုံလေးတွေထဲမှာ နှစ်ယောက်လုံး ချစ်စရာအရမ်းကောင်းပြီး ကြည်နူးစရာကောင်းနေတာပဲဖြစ်ပါတယ် အမြဲ အသစ်ဆန်းတွေဖန်တီးပြီး ရိုတက်တဲ့ သူတို့ အတွဲလေးကတော့ မကြာမှီ ပြုလုပ်မယ့် မင်္ဂလာပွဲလေးမှာလည်း ဘယ်လို အလန်းစား ပုံရိပ်တွေနဲ့ မိုက်နေမလည်းဆိုတာတော့ အကုန်လုံး စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ပရိသတ်ကြီးတွက် ရွှေနှစ်ရွှေရဲ့ ကြည်နူးစရာ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Source:Shwe Htoo & Shwe mhone

Facebook Comments

admin

error: Content is protected !!