ချစ်သူရဲ့မွေးနေ့မှာ ရန်အောင်ကို ခေါ်ပြီး surprise လုပ်ပေးခဲ့တဲ့ ခိုင်နှင်းဝေ

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေးခိုင်နှင်းဝေ ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာကိုကြိုးစားလုပ်ရင်းတစ်ဖက်ကလည်း ပရဟိတကိုလည်း ဦးဆောင် လုပ်ကိုင်နေသူလေးပါ။ ခိုင်နှင်းဝေ ပရဟိတလူငယ်အဖွဲ့လေးက အမြဲတမ်း ဒုက္ခရောက်နေတဲ့ သူတွေကိုလိုက်ကူညီနေတာပဲ ဖြစ်ပါတယ်။ သူမက ချစ်သူ JD နဲ့ အတူLGBT နဲ့ ပတ်သက်တဲ့ ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါသေးတယ်။ဒီတစ်ခါမှာတော့ ခိုင်နှင်းဝေ က ချစ်သူ ရဲ့မွေးနေ့မှာ ရန်အောင်ကိုခေါ်ပြီး Surprise လုပ်ပေးခဲ့တဲ့ အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ခိုင်နှင်းဝေ က သူမရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလိုပြောထားပါတယ် ” မနေ့ညက မောင်လေး ကျော်ဝေယံဌေးနဲ့ JD တို့ ရဲ့မွေးနေ့ပွဲမှာပေါ့…စပရိုက် အနေနဲ့ ဖိတ်ခေါ်ထားတဲ့ အကို ရန်အောင်အရမ်းချစ်ဖို့ကောင်းပြီး လာပေးလို့ကျေးဇူးအရမ်းတင်ပါတယ်.အကို့ကိုအမြဲလေးစားချစ်ခင်ရတဲ့အထဲ အဲဒါတွေလဲပါတယ်..ညီမလေး သွန်းဆက်နဲ့ ရတနာဘိုကိုလဲ ကျေးဇူးတင်ပါတယ်နော်.. 😘😘😘” လို့ပြောထားပါတယ်။

ချစ်သူက နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီများရှင် ရန်အောင်ကို ခေါ်ပြီး Surprise လုပ်ပေးခဲ့လို့ပျော်နေတဲ့ JD

မွေးနေ့မှာ ပျော်နေကြတဲ့ ပုံရိပ်ကလေး

မွေးနေ့ တက်ရောက်လာကြတဲ့ မိတ်ဆွေများ

သွန်းဆက် နဲ့ ခိုင်နှင်းဝေ တို့ရဲ့ ပုံရိပ်ကလေး

နိုင်ငံကျော်သရုပ်ဆောင် မင်းသမီးချောလေး ခိုင်နှင်းဝေ က ချစ်သူရဲ့ မွေးနေ့မှာ Surprise လုပ်ပေးခဲ့တဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေသဘောကျမှာပါ။

Credit-Momolay

Facebook Comments

admin

error: Content is protected !!