အကိုသာ မယူရင် Single Motherဖြစ်မှာပါလို့ဆိုတဲ့ စမိုင်းလ်

သရုပ်ဆောင်စမိုင်းလ်တို့ဇနီးမောင်နှံဟာ မြန်မာနိုင်ငံမှာ ပရိသတ်များလေးစားအားကျရတဲ့ စုံတွဲတစ်တွဲဖြစ်ပြီး အခုအချိန်မှာတော့ စမိုင်းလ်သူတို့ရဲ့ ငယ်ဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ဘယ်လိုမျိုး ရုန်းကန်ခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို cele7အင်တာဗျူးတစ်ခုမှာ ဖြေဆိုသွားခဲ့ပါတယ်။

စမိုင်းလ်​က”အဲ့တုန်းကအစ်​မက အကိုရှိတဲ့အင်္ဂလန်​ကိုစလိုက်​သွားတာ​ပေါ့​နော်​။ပြောရမယ်​ဆိုရင်​ ဗိုက်​ကြီးသွားတာ​ပေါ့။ တကယ်​​တော့ သူထားခဲ့ရင်​လဲ အစ်​မက Single Mother ဖြစ်​မှာပဲ​ပေါ့​နော်​။ အဲ့​တော့သူကယူတယ်​။ ဒါ​ပေမယ့်​အဲ့မှာကျ​တော့ အစ်​မတို့က ယူတယ်​ဆိုလို့ရှိရင်​ ချက်ချင်းကြီးယူလို့ မရဘူး​ပေါ့​နော်​။ ​ကောင်​စယ်​ကိုသွားပြီး​တော့ registration လုပ်​တဲ့အခါမှာ လနဲ့ကိုချီပြီးကြာတယ်​။ အစ်​မတို့ ဗိုက်​စကြီးပြီးဆိုကထဲက သူကအစ်​မကိုယူမယ်​ဆိုပြီး​ပြောထားတာ​ပေါ့​နော်​။ ဒါ​ပေမယ့်​အစ်​မတို့ တကယ်​လက်​မှတ်​ထိုးတဲ့​နေ့ကကျ​တော့ အစ်​မဗိုက်​က​ခြောက်​လ​ကျော်​​လောက်​ဖြစ်​​နေပြီ။ ဘယ်​မိန်းက​လေးမဆို မင်္ဂလာ​ဆောင်​တဲ့အချိန်​မှာ​တော့ အလှဆုံး​ဆောင်​ချင်​တယ်​။ ပြီး​တော့ မင်္ဂလာ​ဝတ်​စုံ အထူးသဖြင့်​ အစ်​မတို့ မိန်းက​လေး​တွေက တစ်​သက်​မှတစ်​ခါပဲ​ဆောင်​ရတဲ့ မင်္ဂလာဝတ်​စုံ​လေးကို လှလှပပ​လေး ဝတ်​ချင်​တာ​ပေါ့​နော်​။

အစ်​မကျ​တော့ မင်္ဂလာဝတ်​စုံဆိုတာလဲ မဝတ်​လိုက်​ရဘူး။ ဆိုင်​မှာ​တွေ့တဲ့အင်္ကျီကိုနည်းနည်း​လေးပွလိုက်​ရတယ်​။ မင်္ဂလာဝတ်​စုံ​တွေကလဲ အဲ့တုန်းက ​ပေါင်​​လေးငါးရာ​လောက်​ရှိတယ်​ဆို​တော့ အစ်မတို့က​​မဝယ်​နိုင်​ဘူး။ ငှါးရ​အောင်​လဲ အစ်​မကဗိုက်​ကလဲကြီး​နေ​တော့ အဆင်​မ​ပြေဘူး။ ပြီး​တော့ တကယ့်ကိုဆိုင်​ကြီး​တွေမှာသွားပြီး​တော့ဝယ်​နိုင်​​လောက်​တဲ့ပိုက်​ဆံလဲမရှိတဲ့အခါကျ​တော့ ကြုံသလိုပဲဝယ်​လိုက်​ရတာ​ပေါ့​နော်​။ အဲ့​တော့ အမြဲတမ်းအစ်​မအတွက်​က မင်္ဂလာ​ဆောင်​နဲ့ ပတ်​သက်​တာတို့ သူများမင်္ဂလာ​ဆောင်​တာတို့ဆိုရင်​ အားငယ်​တဲ့စိတ်​က​လေးရှိတယ်​။ ​သြော်​ ငါ့တုန်းက မင်္ဂလာမ​ဆောင်​လိုက်​ရဘူး။ ပြီး​တော့အဲ့တုန်းကလဲ အစ်​မအမျိုးသားက ကားကို အစ်​မတို့ ​ကောင်​စယ်​​ပေါ်​ရောက်​သွား​တော့ ကားပါကင်​လိုက်​ရှာ​နေရတာ။ ကားပါကင်​မရ​သေးတဲ့အချိန်​မှာ အဲ့နားမှာပတ်​​မောင်း​နေရတာ။ မဟုတ်​ရင်​ဆွဲသွားမှာစိုးလို့​လေ။ အဲ့​တော့ ကားကိုပတ်​​မောင်း​နေတဲ့ အချိန်​မှာအစ်​မတို့က မင်္ဂလာ​ဆောင်​တဲ့အချိန်​​ရောက်​ခါနီး​နေပြီ။

သူကမ​ရောက်​လာ​သေးဘူး။ ဒီမင်္ဂလာ​ဆောင်​တာကလဲ တရားရုံး​တွေမှာလက်​မှတ်​ထိုးသလို အတွဲ​တွေကအများကြီးရှိတာ။ တစ်​​ယောက်​​ဆောင်​ပြီးရင်​ ​နောက်​တစ်​​ယောက်​ကလာ လက်​မှတ်​ထိုးပြီးရင်​သွားရတာဆို​တော့ ​ဆောင်​​ပေးတဲ့တရားသူကြီးကလဲ ဒီဟာကို လာမှာလား မလာလို့ရှိရင်​​နောက်​တစ်​တွဲကို​ဆောင်​​တော့မယ်​။ ​နောက်​တစ်​တွဲကလဲ အဆင်​သင့်​ဖြစ်​​နေပြီ​ပေါ့​နော်​။ မဟုတ်​လို့ရှိရင်​ပြန်​ပြီး​တော့ register ပြန်​လုပ်​ရမယ်​။ ဒီ​နေ့အဆင်​မ​ပြေဘူးဆိုရင်​ ကိုယ့်​​ကြောင့်​ဖြစ်​တာဆို​တော့​လေ။ အဲ့​တော့အစ်​မက အဲ့မင်္ဂ​လာ​ဆောင်​တဲ့ နားမှာပဲ ဂါဝန်​ကြီးနဲ့ ဗိုက်​ကလဲအကြီးကြီးနဲ့​။ ပထမကအစ်​မတို့က သီချင်း​လေးနဲ့ ထွက်​မယ်​စဉ်းစားထားတာ။ အဲ့လိုမျိုးမလုပ်​လိုက်​ရဘူး။ သူကလဲကားပါကင်​ရှာ​နေရတာ။ အစ်ကို့ကို ဖုန်း​တွေဆက်​ပြီး အစ်​မကငို​တော့မယ်​။ မျက်​ရည်​​တွေအရမ်း​ဝေ​နေပြီ။ အရမ်း​ကြောက်​ပြီး​တော့ မ​ဆောင်​ရ​တော့ရင်​ ​သေပြီ​ပေါ့ဆိုပြီး။ အစ်​ကို​ရောက်​လာတဲ့အချိန်​မှာ သူ့ကို ဂုတ်​ကြီးက​နေ အင်္ကျီဆွဲပြီး ကမန်းကတမ်း လက်​မှတ်​ထိုးရတာ။ သီချင်း​တွေလဲဘာမှမလုပ်​နိုင်​ဘူး။ ဘယ်​သူ့မှလဲမပါဘူး။ တံခါးကြီးကိုဝုန်းခနဲ​ပြေးဖွင့်​ပြီး​တော့ လက်​မှတ်​မြန်​မြန်​​ပြေးထိုးပြီး​တော့​ဆောင်​လိုက်​ရတာဆို​တော့ အရမ်းကို က​သောင်းကနင်းဖြစ်​တာ။ မိန်းက​လေးတစ်​​ယောက်​က အထူးသဖြင့်​ ကိုယ်​ကဗမာပြည်​မှာ အဲ့တုန်းကဆိုရင်​ ​အောင်​မြင်​​နေတဲ့သူတစ်​​ယောက်​ ပြီး​တော့ ပရိသတ်​လဲအသိအမှတ်​ပြုတဲ့သူတစ်​​ယောက်​​ပေါ့​နော်​။

အဲ့လိုမျိုး​လေး ကိုယ့်​ဘဝ​လေးကိုယ်​ မင်္ဂလာ​ဆောင်​ရင်​ဆိုတာလဲ အမြဲတမ်း ​ခေါင်းထဲမှာ​တွေးထားတဲ့ သူတစ်​​ယောက်​က တကယ်​တမ်း​ဆောင်​လိုက်​ရတဲ့အချိန်​မှာ ကိုယ့်​စိတ်ကူးယဉ်​ထားတာနဲ့တစ်​လွဲဖြစ်​တဲ့အပြင်​ကို အဲ့လိုမျိုး​တွေပါဖြစ်​သွားတဲ့အခါကျ​တော့ အမြဲတမ်းအစ်​မက စိတ်​အားငယ်​တယ်​။ မင်္ဂလာ​ဆောင်​နဲ့ပတ်​သက်​ပြီး​တော့ အစ်​မက စိတ်​နုတဲ့သူဆို​တော့ အကို့ကို​အမြဲတမ်း​ပြောတာ​ပေါ့​နော်​။အဲ့​တော့အကို့ကို ပိုက်​ဆံရှိလို့ရှိရင်​ အဆင်​​ပြေသွားလို့ရှိရင်​ မိန်းမကို မင်္ဂလာပြန်​​ဆောင်​​ပေး​နော်​ဆိုပြီး​တော့ သူ့ကို​ပြောထားတယ်​။ အဲ့တုန်းက ကိုယ်​က ငယ်​လဲငယ်​​သေးတယ်​ဆို​တော့ အမြဧတမ်းအဲ့လို​ပြောတာ​ပေါ့​နော်​။ ခု​တော့ အကိုက အမှတ်​တရမျိုး​လေး​တွေ ပြန်​လုပ်​​ပေးတယ်​​ပေါ့​နော်​။ ဟိုလိုမျိုးကြီး အကြီးအကျယ်​​ဆောင်​​တာမျိုးမဟုတ်​ဘူး အစ်​မစိတ်​ချမ်းသာ​အောင်​လို့သူကအစ်​မကို wedding dress ​လေး​တော့​ပေးဝတ်​တယ်​။ ဘာမှ​တော့မဟုတ်​ဘူး ဟိုလိုမျိုး​တွေ ​ရှေ့​နေ​တွေ ဘာ​တွေနဲ့ အကြီးအကျယ်​​ဆောင်​တာမဟုတ်​ဘူး။ ဒါ​ပေမယ့်​ သူငယ်​ချင်း​လေး​တွေခေါ်လာပြီး​တော့ အမြဲတမ်း အစ်​မကိုစိတ်​ချမ်းသာ​အောင်​လို့ လုပ်​​ပေးတယ်​​ပေါ့​နော်​။ အဲ့​တာ​လေး​တွေ​တော့ အမှတ်​တရပါ။”လို့ ပြောခဲ့ပါတယ်။

အဲ့အချိန်တုန်းက အင်္ဂလန်ကိုအတူတူသွားတာလားလို့ မေးမြန်းရာ “မဟုတ်​ဘူးသူက ပထမတစ်နှစ်​ထွက်​သွားတာ။ ထွက်​သွားပြီး​တော့မှ အစ်​မကလိုက်​သွားတာ။အဲ့တုန်းက အစ်​မကသူနဲ့စကြိုက်​ထဲက အသက်​က ၁၄နှစ်​ဆို​တော့ သူထွက်​သွားတဲ့အချိန်​မှာ အစ်​မက ဆယ့်​ရှစ်​နှစ်​မပြည့်​​သေးဘူး။ passport မရ​သေးဘူး​လေ။ အဲ့​တော့ အစ်​မ ဆယ့်​ရှစ်​နှစ်​ပြည့်​မှ သူ့​နောက်​ကိုလိုက်​သွားတာ။ သူကပထမတစ်​နှစ်​​စောပြီး​ရောက်​သွားပြီး​တော့ အစ်​မကသူနဲ့ခွဲ​နေရတာ မ​နေနိုင်​​တော့ဘူး​ပေါ့​နော်​။ အဲ့တာနဲ့ သူနဲ့မှမရရင်​​သေ​ရပါ​တော့မယ်​။ တယ်​လီဖုန်း​တွေကလဲဆက်​တာ မွဲ​တော့မယ်​​ပေါ့။ အဲ့တာနဲ့ အ​မေကိုလဲ ဆန္ဒပြ အ​မေကလဲမျက်​စိ​တွေ​နောက်​ ကယက်​​တွေထလွန်းအားကြီးလွန်းလို့။ ကားရိုက်​တာ​တွေလဲ အစ်​မကမရိုက်​​တော့ဘူး။ ကားရိုက်​သွားရင်​လဲ ​ပေ​ခေါက်​​နေပြီး​တော့ ညဆိုရင်​လဲ ဒီအင်​တာနက်​ကိုပဲ ကဒီးကဒီး အဲ့​ခေါတ်တုန်း​နော်​ အဲ့အင်​တာနက်​​လေးကိုပဲ သူနဲ့စကား​ပြောရဖို့ကို အစ်​မကလုံးပန်း​နေတယ်​ဆိုတာနဲ့ passport ​တွေ​လျှောက်​ အ​မေကလဲ ကဲမနိုင်​​တော့ဘူး နင်​လဲလုပ်​ချင်​တာလုပ်​​တော့ဆိုပြီး အ​မေကသူ့​နောက်​ကိုလွှတ်​လိုက်​တာ။ လွှတ်​လိုက်​ပြီး​တော့ မကြာဘူးဗိုက်​ကတန်းကြီး​တော့တာပဲ။ ငါတို့ကလဲအသုံးကိုမကျဘူး။ အခု​ခေတ်​​လေး​တွေဆိုလည်​တယ်​​လေ ငါတို့က​လဲ​တော်​​တော်​ကို ချာလပတ်​​တွေရမ်းပြီး ဘယ်​လို​တွေဖြစ်​မှန်းမသိဘူး။

အဲ့တုန်းကကိုယ်​ကရုန်းကန်​​နေရတဲ့အချိန်​​ပေါ့။ အစ်​မက အသက်​ ၁၉နှစ် အစ်ကိုလည်း ၂၁နှစ် ငယ်လည်းငယ်သေးတယ် ဒါပေမဲ့ အခုခေါတ်မှာသာ ကလေးတွေက လူကြီးလို့ဖြစ်လာတာ အမတို့ ခေါတ်တုန်းက၁၉ ၂၀ဆိုတာ အရမ်းငယ်သေးတဲ့အရွယ်ပါ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် အမက ဗိုက်ကြီးတဲ့ အချိန်မှာ ငယ်နေသေးလို့ ဒီကလေးကို ဖြတ်ချလို့ရတယ်ဒါပေမဲ့ အဲ့အချိန်မှာထဲက ဒီဟာကို ကိုယ့်ထဲကို ရောက်လာတဲ့ ကလေးကို ဘယ်လိုမှ ဖြတ်ချဖို့ဆန္ဒလည်း မရှိဘူး ပိုကောင်းတာတစ်ခုက အမယောက်ျားက စသိသိချင်းနေ့မှာပဲ အမကိုချက်ချင်းယူပါ့မယ်ဆိုတဲ့ promiseပေါ့ ချက်ချင်းပေးတယ် သူစစသိချင်းမှာပဲ အဲ့တာက သာနှစ်ခါမစဉ်းစားဘဲနဲ့ ကိုယ့်ကို တကယ်ချစ်ပြီး တကယ်ကိုယူပေးတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ သူ့ကြောင့်မို့လို့လည်း ဒီလိုအိမ်ထောင်ရေးလေး ဖြစ်လာတာပေါ့နော်။”လို့ ပြောခဲ့ပါတယ်။

Source : nanmalgyi

Facebook Comments

admin

error: Content is protected !!