မင်္ဂလာသက်တမ်း ၁၄နှစ်ပြည့်မှာ ချစ်ဇနီးလေးအတွက် နှလုံးသားဇာတ်ညွှန်းရေးပေးခဲ့တဲ့ လူမင်း

အနုပညာကို ချစ်မြတ်နိုးလွန်းတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ သရုပ်ဆောင်အလုပ်ကို အင်တိုက်အားတိုက်နဲ့ ကြိုးစားပမ်းစားလုပ်ကိုင်နေတဲ့ အကယ်ဒမီ လူမင်းကတော့ မိသားစုကိုလည်း အသေးစိတ်ကအစ ဂရုတစိုက်ရှိလွန်းသူတစ်ဦးပါ။ လူမင်းကတော့ ဒီနေ့လေးမှာကျရောက်တဲ့ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့( ၁ ၄ ) နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ ချစ်ဇနီးလေးအတွက် အမှတ်တရလေးလုပ်ပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အချိန်တွေဘယ်လောက်ကြာကြာ အချစ်တွေ လတ်ဆတ်နေဆဲဖြစ်တဲ့ လူမင်းတို့ဇနီးမောင်နှံနှစ်ဦးရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

လူမင်းကတော့ ” နှလုံးသား ဇာတ် ညွှန်း ” ဇာတ် ဆရာအလိုကျငိုဆိုငို ၊ ရယ်ဆိုရယ်ခဲ့ပြီ ။အနိမ့်အမြင့် ၊ အတက်အကျ အနှေးအမြန် ၊ ဇာတ်အရှိန်တွေလည်းစုံခဲ့ပြီ ။ဇနီးမယား ၊ သမီးသားနဲ့ ဂျုံးဂျုံးဂျက်ဂျက် ၊ ပေါ်ပေါ်ပူ ပူ သံသရာ ရထားကြီးလည်း မီးခိုးတွေအူလှပြီ ။ ပုဝါမကူ ၊ ရေမရှူဒိုင်မရှိ အနားသတ်မရှိ ဘဝဆိုတဲ့ ကြိုးဝိုင်းထဲမှာ ပြိုင်ဘက် ဆိုတာကလည်း အကန့် အသတ်မဲ့ ၊ မပြီးနိုင်မစီးနိုင် ၊ မဆုံးနိုင်။ အဆုံးမဲ့  ပန်းတိုင် တွေဆီ ချီတက်ရင်းသီးချိန် ပွင့်ချိန် ရောက်ပြန်တော့လည်းခွဲရခွာကြရဦးမည် ။

အဲဒီအချိန်ကျ မင်း ဘေးမှာ ငါ ၊ ငါ့ဘေးမှာမင်းဘဲရှိမှာမို့တရားသဘောမှတ် ကျောက်အတင်ခြဲ့ကရင်းအိုအောင်မင်း အောင် ပေါင်းကြဘို့ ဆိုတာ ဖိုး ဖိုးကလည်းဖွားဖွားကို ပြောပါမယ် 🎶🎵ချစ်တယ်🎵🎶 ( ၁ ၄ ) နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ ။” ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ချစ်ဇနီးလေးအတွက် ရေးသားပေးထားတာပါ။

ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်တဲ့ လူမင်းတို့ဇနီးမောင်နှံနှစ်ဦးကတော့ အမြဲလိုလို ပျော်ရွှင်အေးချမ်းနေကြတာပါ။

အချိန်တွေသာပြောင်းလဲသွားတယ် တစ်ဦးအပေါ်တစ်ဦးထားတဲ့ မေတ္တာတရားကတော့ ပိုပြီးတော့တောင် လေးနက်လာတဲ့ သူတို့ဇနီးမောင်နှံ

လူမင်းနဲ့ ခင်စံပါယ်ဦးတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေနဲ့ ရှေ့ဆက်နေကြတာ အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၄နှစ်တိတိ ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အရမ်းကိုချစ်စရာကောင်းတဲ့ သားသားလေးနဲ့မီးမီးလေးကို ပိုင်ဆိုင်ထားတဲ့ လူမင်းနဲ့ ခင်စံပါယ်ဦးတို့မိသားစုလေးကတော့ ပျော်ရွှင်စရာတွေအတိပါပဲ။

Credit-Momolay

Facebook Comments

admin

error: Content is protected !!