ဝင့်ယမုံနိုင်ကို အနားမှာ တစိမ့်စိမ့်ကြည့်ရင်းအကြင်နာတွေပိုနေတဲ့ ကျော်ဆု

Last modified date

မြန်မာနိုင်ငံရဲ့ ပထမဆုံးဇာတ်လမ်းတွဲဖြစ်တဲ့ ”The Sign Of Love” ဆိုတဲ့ အချစ်ဇာတ်လမ်းလေးမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့ကတော့ အခုဆိုရင် အနုပညာလောမှာ မသိသူမရှိလောက်အောင် နာမည်ရနေပြီဖြစ်ပါတယ်။ MRTV-4 ဇာတ်လမ်းတွဲလေးတွေကနေတစ်ဆင့် လူသိများအောင်မြင်လာခဲ့တဲ့ သူတို့နှစ်ယောက်က အခုဆိုရင် ကြော်ငြာနဲ့ ဇာတ်ကားတွေများစွာ ပါဝင်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်ချိန်က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သူတို့နှစ်ယောက်ကို အခုလည်း စုံတွဲလေးအဖြစ် တစ်ဖန်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ယမုံက ”ကျွန်မကမဟေသီ” ဆိုတဲ့ဇာတ်ကားလေးမှာ စံမြန်းဆိုတဲ့ကောင်မလေးအဖြစ် ပါဝင်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ အခုလည်း ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့နှစ်ယောက်က လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ကြည်နူးပျော်ရွှင်နေတာ တွေ့ရပါတယ်။ ကျော်ဆုတစ်ယောက် ယမုံလေးကို ဘေးကနေတစ်ချိန်လုံး တစိမ့်စိမ့်ကြည့်ရင်း အကြင်နာပိုနေတဲ့ပုံရိပ်လေးတွေကို သူရဲ့ Facebook မှာ တင်ထားတာ ဖြစ်ပါတယ်။

ဒီပုံလေးတွေကိုတော့ သူငယ်ချင်း ဘုန်းရှိန်ထက်နဲ့ ကျော်ထက်ဇော်တို့က ရိုက်ကူးပေးထားတာ ဖြစ်တယ်လို့ ကျော်ဆုက ”ညေး ဖုန်းရှိန်ခန့် နဲ့ ညေးကျော်ထက်ဇော်တို့ရဲ့ ရိုက်ချက်များနဲ့ ” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က မကြာခင်မှာပရိသတ်တွေရှေ့ကို လိုက်ဖက်ညီတဲ့စုံတွဲလေးအဖြစ် ပြန်လည်ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ဆုနဲ့ ဝင့်ယမုံနိုင်တို့ရဲ့ အားကျချင်စရာကောင်းတဲ့ စုံတွဲပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Kyaw Su;

Facebook Comments

admin

error: Content is protected !!