ပြောချင်တာတွေ ပြောလိုက်ရလို့ ကျေနပ်နေတဲ့ ရတနာဖြူဖြူအောင် ရဲ့ဗီဒီယိုဖိုင်

Last modified date

ရတနာဖြူဖြူအောင်ကတော့ ပရိသတ်တွေနဲ့ အဆက်သွယ်ပြတ်သလိုဖြစ်နေခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ချစ်စရာမျက်နှာပေါက်လေးနဲ့ ဖြူစင်တဲ့အပြုံးလေးတွေ ရိုးသားတဲ့အကြည့်လေးတွေက သူမရဲ့ Trademark လို့ ခေါ်ဆိုရမှာပါ။ ရတနာဖြူဖြူအောင်တစ်ယောက် ပရိသတ်တွေနဲ့ ဝေးကွာနေတာမှန်ပေမယ့် သူမအမြဲသုံးနေတဲ့ ပေ့ခ်ျလေးမှာတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို အမြဲလိုလိုတင်နေပါသေးတယ်။

နင်မရှိပဲငါမနေတတ်တော့ဘူးလေ…. ဆိုတဲ့တေးသီချင်းစာသားလေးနဲ့အတူ ရိုးသားတဲ့ ကျောင်းသူဘဝပုံရိပ်လေးတွေနဲ့ ပရိသတ်တွေ ရင်ထဲအရောက်ဝင်လာခဲ့သူလေးပါ။ အနုပညာအလုပ်တွေကိုတော့ အဆက်မပြတ်အောင်လုပ်ကိုင်နေပေမယ့် ပရိသတ်တွေနဲ့ ဝေးကွာသလိုဖြစ်နေတဲ့ရတနာဖြူဖြူအောင်ကိုပရိသတ်ကြီးက မေ့မသွားအောင် သူမ တင်ထားခဲ့တဲ့ ဗီဒီယိုလေးနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်နော်။

ထို ဗီဒီယိုလေးမှာဆိုရင် သူမဟာချစ်စဖွယ်အမူအရာလေးနဲ့ သူမ ပြောချင်နေတာတွေကို ပြောလိုက်ရလို့ ကျေနပ်သွားတဲ့ပုံလေးကို ကလေးလေးတစ်ယောက်လို သရုပ်ဆောင်ပြထားတာဖြစ်ပါတယ်။ သူမပရိသတ်တွေကလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်တင်ပေးဖို့ တောင်းဆိုနေကြတာလည်းတွေ့ရပါတယ်။

ယခုလိုမျိုးပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ ရတနာဖြူဖြူအောင်တစ်ယောက် သူမကို ချစ်တဲ့ပရိသတ်တွေအတွက် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲတင်ပေးနိုင်ပါစေလို့ ဒါ့အပြင် သူမကို သတိရနေတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့ ချစ်စရာဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

ရတနာဖြူဖြူအောင်ရဲ့ ရိုးရှင်းလှတဲ့ ချစ်စရာဗီဒီယိုလေး

Photos-Yadanar Phyu Phyu Aung

Facebook Comments

admin

error: Content is protected !!