နှုတ်ခမ်းနီမလေးတွေကို အသည်းယားအောင်လုပ်လိုက်တဲ့ အောင်မင်းခန့်ရဲ့ ဗီဒီယိုဖိုင်

Last modified date

MRTV-4 ရဲ့ မြန်မာ ရုပ်သံဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ ထာဝရမန္တလေး၊ ဝိဉာဉ် ရှိုက်သံ၊ မနေ့က ဖြစ်သည် ၂ စတဲ့ ဇာတ်လမ်းတွဲ တွေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တွေကို အပိုင်သိမ်းပိုက်ထားနိုင်တဲ့ သရုပ်ဆောင်တစ်ဦးပဲ ဖြစ်ပါတယ်။ စမတ်ကျပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်ချစ်ရတဲ့ ကိုကိုတစ်ယောက်ပဲ ဖြစ်ပါတယ်။

မကြာသေးခင်က ပြီးဆုံးသွားတဲ့ မနေ့က ဖြစ်သည် ၂ ဇာတ်လမ်းတွဲ မှာ လူသတ်သမား အဖြစ်သရုပ်ဆောင်ထားပင့်မယ့် အောင်မင်းခန့်ကို အားပေးတဲ့ ပရိတ်သတ်တွေကတော့ အများအပြားရှိလို နေပါတယ်။ ပရိတ်သတ် မခိုင်အမာနဲ့ အနုပညာလမ်းကြောင်းပေါ်ကိုရောက်နေပြီ ဖြစ်တဲ့ အောင်မင်းခန့်ဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ မှာလည်း ပါဝင်သရုပ်ဆောင်ထားတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အမြဲတမ်း စမတ်ကျကျ ဒီဇိုင်းလေးတွေနဲ့ တွေ့ရတတ်တဲ့ အောင်မင်းခန့်ကတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲအောင်လုပ်လိုက်ပြန်ပါပြီ။ ပျော်ပျော်နေတတ်တဲ့ အောင်မင်းခန့်ရဲ့ ပုံစံလေးကို ပရိတ်သတ်တွေ အတွက် အပျော်ရိုက်ထားတဲ့ ချစ်စရာ ဓာတ်ပုံလေးတွေ မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူရဲ့ ချစ်ပရိတ်သတ်တွေ အတွက်လည်း အောင်မင်းခန့်ရဲ့ ချစ်ဖို့ကောင်းအောင်ရိုက်ထားတဲ့ ဗီဒီယိုလေယကို ဖော်ပြပေးလိုက်ပါတယ်နော်

Video ကြည့်ရန်

Source:Aung Min khant

Facebook Comments

admin

error: Content is protected !!