မြင့်မြတ်ဆီက နာမည်ကျော် တန်ဖိုးကြီးလှတဲ့ လက်ဆောင်တစ်ခုကို ရလိုက်တဲ့ ဒိန်းဒေါင်

လူရွှင်တော် ဒိန်းဒေါင်ကတော့ယနေ့မှာ အပျော်ကြီးပျော်လို့နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက အနုပညာလောကမှာ အတူတူရုန်းကန်ခဲ့ကြဖူးတဲ့ အနုပညာညီအစ်ကိုတစ်ဦးဖြစ်တဲ့မြင့်မြတ်ဆီက တန်ဖိုးကြီးလက်ဆောင်လေးရရှိခဲ့လို့ဖြစ်ပါတယ်။ မြင့်မြတ်ကတော့ယခုအချိန်မှာ သာယာတဲ့မိသားစုလေးနဲ့အတူ ပျော်ရွှင်နေတာဖြစ်ပြီးယနေ့ဟာလည်း မြင့်မြတ်နဲ့ ဂျူနီယာမြင့်မြတ်လေးတို့ရဲ့ မွေးနေ့ပဲဖြစ်ပါတယ်။

တနေ့တခြား ပိုပိုပြီးချစ်စရာကောင်းတဲ့သားလေးကို ပိုင်ဆိုင်ထားရတဲ့အပြင် မိသားစုတစ်ခုလုံးရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားတဲ့ ဂျူနီယာမြင့်မြတ်လေးက သိပ်ကိုကံကောင်းတဲ့သားလေးတစ်ဦးဖြစ်နေပါတယ်။ မြင့်မြတ်ကတော့ ယခုအချိန်မှာ ပရိသတ်ပေးတဲ့အကယ်ဒမီဆုကြီးကိုပါရရှိထားပြီးပါပြီ။ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ရုန်းကန်ခဲ့ကြဖူးတဲ့ စီနီယာဖြစ်သူ ကိုဒိန်းဒေါင်ကို မြင့်မြတ်ကတော့ တန်ဖိုးကြီးလက်ဆောင်တစ်ခုပေးခဲ့ပါတယ်။

မြင့်မြတ်ပေးလိုက်တဲ့ ဒိန်းဒေါင်အတွက်လက်ဆောင်ကတော့ ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ LV အမှတ်တံဆိပ် ခါးပတ်ပဲဖြစ်ပါတယ်။ ယခုလိုမျိုးကမ္ဘာကျော်အမှတ်တံဆိပ်ကို လက်ဆောင်ရလိုက်လို့ ဒိန်းဒေါင်တစ်ယောက် ဝမ်းသာပျော်ရွှင်နေတဲ့အပြင် အနုပညာညီအကိုတစ်ဦးဖြစ်တဲ့ မြင့်မြတ်ဆီက ရရှိခဲ့လို့ ပိုပြီးပီတိတွေဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်အတွက် မြင့်မြတ်ပေးလိုက်တဲ့ လက်ဆောင်ပုံရိပ်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

Source : We Love Cele
Photos-Dain Daung

Facebook Comments

admin

error: Content is protected !!