ငါမုန်းတဲ့အက္ခရာဇာတ်ကားမှာ မရိုက်ဖြစ်တော့တာနဲ့ပတ်သက်ပြီး ပထမဆုံးအနေနဲ့ ပြန်လည်ဖြေရှင်းလိုက်တဲ့ ရွှေမှုံရတီ

မကြာခင်မှာ လက်ထပ်တော့မယ့် မင်းသမီးချောလေး ရွှေမှုံရတီကတော့ “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်မရိုက်ကူးဖြစ်တော့ပဲ သူမရဲ့ ခေါင်းဆောင်မင်းသမီးနေရာ ပြောင်းလဲရိုက်ကူးလိုက်ရတာကြောင့် ဝေဖန်မှုတွေကြုံတွေ့နေရပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ခေါင်းဆောင်မင်းသမီးနေရာ အစားထိုးလိုက်ရတာနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပရိသတ်တွေကြား အမျိုးမျိုးသော ဝေဖန်မှုတွေ ထွက်ပေါ်နေတာဖြစ်ပြီး ရွှေမှုံရတီကတော့ ဒီနေ့လေးမှာပဲ ပထမဆုံးအနေနဲ့ တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်..။

ရိုက်ကူးရေးကို သူမဘက်က ဖျက်တာမဟုတ်ပဲ ရိုက်ရက်ပြန်ပေးပြီး အဆင်ပြေအောင် ညှိပေမယ့် တစ်ဖက်က မရိုက်ကူးတော့တာ ဖြစ်တဲ့အကြောင်းကို ရွှေမှုံက ပြောပြထားတာ ဖြစ်ပါတယ်..။

ရိုက်ကူးရေးအတွက် ကုန်ကျစရိတ် သိန်း(၁၀၀)ကျော်ကိုလည်း ဘာပြဿနာမှ မရှာပဲ တောင်းသလောက် ပြန်လျော်ပေးလိုက်တယ်ဆိုပြီးတော့လည်း ရွှေမှုံက ပြောပြပြီး ပြန်လည်ဖြေရှင်းလိုက်တာပဲ ဖြစ်ပါတယ်..။

မကြာခင်ကမှ ကန်တော့ပွဲလုပ်ပြီး စတင်ရိုက်ကူးနေတဲ့ “ငါမုန်းတဲ့အက္ခရာ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင်က ပုံဖော်ရိုက်ကူးနေတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ အောင်ရဲလင်း ၊ တိုင်ရွန် ၊ စိုးမြတ်သူဇာနဲ့ ရွှေမှုန်ရတီတို့က အဓိကပါဝင်သရုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ခေါင်းဆောင်မင်းသမီး ရွှေမှုံရတီနေရာမှာ အကြောင်းအမျိုးမျိုးကြောင့် ခင်ဝင့်ဝါနဲ့ ပြောင်းလဲရိုက်ကူးတော့မှာပဲ ဖြစ်ပြီး မင်းသမီးချောလေးခင်ဝင့်ဝါကတော့ ရုပ်ရှင်လောကသားအချင်းချင်း အကူအညီတောင်းလို့ အခုလိုပါဝင်ရိုက်ကူးဖြစ်သွားတာဖြစ်တယ်ဆိုပြီး အင်တာဗျူးတွေမှာ ဖြေဆိုပြောပြထားပါသေးတယ်..။

Photo – ရွှေမှုံရတီ

Facebook Comments

admin

error: Content is protected !!