“18+တော့မဟုတ်ပါဘူး ဝါးထားပါတယ်”လို့ နေရွှေသွေးအောင်ရဲ့ Cover Songမှာ သရုပ်ဆောင်မှုကိုပြောပြလာတဲ့ သင်ဇာ

သင်ဇာလို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ နာမည်ကျော်သရုပ်ဆောင် မင်းသမီးချောသင်ဇာဝင့်ကျော်ကတော့ ပုရိသပရိသတ်တွေကြား အရမ်းကို ရေပန်းစားနေတဲ့ မင်းသမီးချောတစ်ဦးပါပဲ..။

သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချောမောလှပတဲ့မျက်နှာလေးနဲ့ ချစ်စရာကောင်းစကားပြောဟန်၊ အချိုးအစားကျပြီး ဆွဲအားပြင်းလွန်းတဲ့ ခန္ဓာကောက်ကြောင်းအလှနဲ့ မြင်သူတကာငေးရတဲ့ အမိုက်စားဖက်ရှင်ဒီဇိုင်းတွေကြောင့်လည်း ပရိသတ်တွေကြား ရေပန်းစားနေသူလေးပါ..။

သင်ဇာဝင့်ကျော်ကတော့ နေရွှေသွေးအောင်ရဲ့ Cover Song မှာ ထိုင်းမင်းသမီးလေးဖြစ်တဲ့ Kaew Korravee ရယ်၊ မိုးဒီနဲ့အတူ ဖြိုးငွေစိုးတို့က ဧည့်သည်သရုပ်ဆောင် ပါဝင်သရုပ်ဆောင်ထားခဲ့တာဖြစ်ပါတယ်။
ဒီနမူဟာvideoလေးကလည်းအမိုက်စားပုံရိပ်တွေကိုအများကြီးတွေ့ရမှာပါ.နိုင်ငံခြားmtvလေးအတိုင်းအကောင်းဆုံးရိုက်ချက်တွေနဲ့ကြိုးစားပြီးရိုက်ကူးထားတာကလည်းပရိတ်သတ်တွေအတွက်အနုပညာအလုပ်တွေကိုအကောင်းဆုံးကြိုးစားထားတဲ့သီချင်းလေးပါ။Tonightဆိုတဲ့သီချင်းလေးကိုကိုယ်တိုင်ပြန်ဆိုပြီးရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီ ဗီဒီယိုမှာ ပါဝင်သရုပ်ဆောင်မှုနှင့်ပတ်သက်ပြီးသင်ဇာဝင့်ကျော်ကတော့ “အနုပညာကို အနုပညာလိုပဲကြည့်ပေါ့နော်၊ တစ်ဖြတ်တစ်ကဒ်ပဲဆိုပေမဲ့ အဲဒီဟာကို ဘယ်နှစ်ကြိမ်လောက်လေ့ကျင့်ပီး လုပ်လိုက်ရတယ်ဆိုတာမသိဘူး။ အားလုံးကို အနုပညာမျက်လုံးနဲ့ ကြည့်စေချင်တယ်” လို့ နေရွှေသွေးအောင် ရဲ့ Cover Song မှာ ပါဝင်သရုပ်ဆောင်မှု အပေါ် ပြောပြလာခဲ့ပါတယ်။

Video ကြည့်ရန်

နေရွှေသွေးအောင်ရဲ့ Cover Song နမူနာ

Video Source : myanmar celebrity

Facebook Comments

admin

error: Content is protected !!