မျှော်လင့်သလိုဖြစ်လာတဲ့ ရင်သွေးလေးကြောင့် အပျော်ကြီးပျော်ခဲ့ရတဲ့ နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင်အဆိုတော်နန်းမြတ်တစ်ယောက် ကိုယ်ဝန်ဆောင်ထားရပြီဖြစ်ပြီး သားယောကျာ်လေး လိုချင်တဲ့ ဆန္ဒလေးဟာလည်း ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုပြည့်မြောက်သွားခဲ့တာကြောင့် နန်းမြတ်ရဲ့ချစ်ခင်ရတဲ့သူငယ်ချင်းတွေက gender reveal ပွဲလေးလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ ပွဲလေးတစ်ခုပါပဲ။

ဖခင်ဖြစ်သူနဲ့ခင်ပွန်းဖြစ်သူဟာ သားယောကျာ်းလေးလိုချင်ခဲ့တာမို့ သားယောကျာ်းလေးမွေးဖွားပေးချင်တဲ့ သူမရဲ့ဆန္ဒဟာလည်း ဒီအချိန်မှာပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်နန်းမြတ်ရေ။ သူငယ်ချင်းတွေက ဝိုင်းဖွဲ့ပြီးသူမကို ပျော်ရွှင်အောင်လုပ်ပေးတော့ နန်းမြတ်တစ်ယောက် ပါးစပ်မစေ့ နိုင်လောက်အောင်ကို ပျော်နေတာပဲဖြစ်ပါတယ်။

သူမရဲ့အပျော်လေးတွေကို ” ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့gender reveal ချစ်တဲ့သူငယ်ချင်းတွေရှိတာဘဝကပေးတဲ့ဆုလဒ်ပါ ကျေးဇူးအများကြီးတင်ပါတယ် အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲမကြည့်ရဲဘူး ယောက်ျားနဲ့အဖေလိုချင်နေတဲ့သားယောက်ျားလေးမွေးပေးချင်တာ ခုတော့ဆန္ဒတွေလဲပြည့်ပီ I want to shout out loud “IT’S A BOY” Yayyyy ” ဆိုပြီး လူမှုကွန်ယက်မှာ Video လေးနဲ့အတူ ပရိသတ်တွေဆီကို ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။

Video ကြည့်ရန်

Photo – Nann Myat Phyo Thin

Facebook Comments

admin

error: Content is protected !!