မုန်းစွဲကိုဖန်တီးခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်သန်းလွင် ယနေ့ မနက်ပိုင်းကွယ်လွန်

မုန်းစွဲဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ သရုပ်ဆောင် မင်းသွေးဟာလည်း အောက်တိုဘာလ ၃ ရက်နေ့မှာကွယ်လွန်သွားပြီးတော့ သူပါဝင်ထားတဲ့ မုန်းစွဲဇာတ်ကားကြီးကို ကြည့်ရှုခွင့်မရလိုက်ပါဘူး။ မုန်းစွဲဇာတ်ကားဟာ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ ရုံမတင်သေးခင်မှာပဲ ဝန်းရံအားပေးသူတွေတခဲနက်ရရှိထားတာဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသွေး ပါဝင်သရုပ်ဆောင်ထားပေမယ့် မကြည့်လိုက်ရဘဲ အားလုံးကို နှုတ်ဆက်ထွက်ခွာသွားတာကြောင့် ပရိသတ်တွေနဲ့ ဖန်တီးသူအနုပညာရှင်တွေက ဝမ်းနည်းမှုတွေနဲ့ဖြစ်နေခဲ့တဲ့အချိန်မှာ မုန်းစွဲရုပ်ရှင်ဇာတ်ကားကို ဖန်တီးသူတွေထဲက တစ်ဦးဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးရေးပညာရှင်တစ်ဦးဖြစ်သူ ကိုကျော်သန်းလွင်ဟာ ယနေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားတယ်လို့သိရပါတယ်။

ကိုကျော်သန်းလွင်ကွယ်လွန်သွားတဲ့အကြောင်းကို ဒါရိုက်တာ သြရသက သူ့ရဲ့အကောင့်ကနေ ယခုလိုပဲ စိတ်မကောင်းစွာ ရေးသားထားတာဖြစ်ပါတယ်။ ” မုန်းစွဲ ရုပ်ရှင်ကားကြီးမှာ cinematographer အဖြစ် အာကာတိုးနဲ့ တွဲဖက်ပြီးတာဝန်ယူခဲ့တဲ့ ကိုကျော်သန်းလွင် တစ်ယောက် ဒီမနက်ပဲ ကျနော်တို့အားလုံးကို စွန့်ခွါသွားခဲ့ပြန်ပြီ..။ မုန်းစွဲ ရုံတင်တော့မှာလေ အကိုရာ..။မနှစ်က ဒီအချိန် ကျနော်တို့ မုန်းစွဲကို အတူတူ ဖန်တီးခဲ့ကြတယ်လေ..။ အခုတော့ မင်းသွေးနဲ့ ခင်ဗျားက ..။ကျနော် သေမင်းကို ကြောက်လာပြီဗျာ..။” လို့ ရုံတင်ခါနီးဒုတိယမြောက်ခွဲခွာသွားခဲ့တဲ့ကိုကျော်သန်းလွင်အတွက် စိတ်မကောင်းဖြစ်နေခဲ့တာပါ။ ကိုကျော်သန်းလွင်တစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိနိုင်ပါစေလို့ ပရိသတ်တွေနဲ့ ဝမ်းနည်းစွာ ဆုတောင်းပေးလိုက်ပါတယ်။We Love Cele

Photos-Kyaw Tun

Facebook Comments

admin

error: Content is protected !!