နန်းမြတ်ဖြိုးသင်းရဲ့ ရင်သွေးလေး ယောက်ကျားလေးလား မိန်းကလေးလားဆိုတာ Surprise လုပ်ပေးခဲ့ကြတဲ့ လွှမ်းပိုင်တို့အဖွဲ့

နန်းမြတ်ဖြိုးသင်းက ပထမဆုံးရင်သွေးလေးက သားယောက်ျားလေးဆိုတာ သေချာသွားပြီလို့ ဆိုပါတယ်။ မျှော်လင့်နေခဲ့ရတဲ့ ရင်သွေးလေး ပိုင်ဆိုင်ခွင့်ရလာတာကြောင့်လည်း ပျော်ရွှင်မဆုံးဖြစ်လို့နေပါတယ်။သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း ရဲ့ ပထမဦးဆုံးလွယ်ထားရတဲ့ ရင်သွေးလေးကတော့ သားယောက်ျားလေး ဖြစ်တယ်လို့ သိရပါပြီ။ ဒီ့အတွက် လည်း သူမကိုယ်တိုင်က ပြောမပြတတ်အောင် ဝမ်းသာ ကြည်နူးနေတာကို တွေ့ရပါတယ်။ ဖခင်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ လိုချင်တဲ့ သား ယောက်ျားလေး ရလို့လည်း ပိုဝမ်းသာတယ်လို့ သူ့ရဲ့ ခံစားချက်တွေကို ပြောပြထားပါတယ်။

” ချစ်ရတဲ့သူငယ်ချင်းတွေလုပ်ပေးတဲ့ gender reveal ချစ်တဲ့သူငယ်ချင်းတွေရှိတာဘဝကပေးတဲ့ဆုလဒ်ပါ။ ကျေးဇူးအများကြီး တင်ပါတယ်။ အရမ်းရင်ခုန်လို့လက်တွေလဲတုန် ကြည့်လဲမကြည့်ရဲဘူး။ ယောက်ျားနဲ့အဖေလိုချင်နေ တဲ့သားယောက်ျားလေး မွေးပေးချင်တာ ခုတော့ ဆန္ဒတွေလဲပြည့်ပြီ” ဆိုပြီးတော့ နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၀ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းတို့ရဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုတော့ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်းက သင်္ကန်းကျွန်းမြို့နယ်မှာရှိတဲ့ ကံကော်မြိုင်သာသနာ့ ရိပ် သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေး အလှူကို ပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကိုတော့ နိုဝင်ဘာ၂၆ရက် က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ကြတာ ဖြစ်ပြီး မင်္ဂလာည စာစားပွဲ ကိုတော့ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ နိုဝင်ဘာ(၂၇)ရက်နေ့ညက ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Surprsie

Credit-Cele Yatkwat

Facebook Comments

admin

error: Content is protected !!