ချစ်သူ G Fatt ကို ဆွေပြမျိုးပြ အလည်ခေါ်သွားခဲ့တဲ့အပြင် ဘယ်လောက်ချစ်ကြောင်းပါ သက်သေပြလိုက်တဲ့ နန်းဆုရတီစိုး

အဆိုတော်၊ သရုပ်ဆောင် မင်းသမီးလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ကျင်လည်လာခဲ့တာ အချိန်တစ်ခုကြာခဲ့ပြီ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ကြော်ငြာများစွာ ရိုက်ကူးခဲ့ရတဲ့ သူမက လက်ရှိမှာတော့ သူမဝါသနာပါတဲ့ အဆိုတော်အလုပ်ကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နန်းဆုက လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော် G Fatt နဲ့လည်း မေတ္တာမျှနေကြတာ ဖြစ်ပါတယ်။ နန်းဆုနဲ့ G Fatt တို့ချစ်သူနှစ်ဦးက အရမ်းကို အတွဲညီပြီး လိုက်ဖက်လွန်းတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က သီချင်းတွေကို အတူဖန်တီးကြသလို တစ်ယောက်ကိုတစ်ယောက်လည်း ဖေးမကူညီရင်း အချစ်တွေတည်ဆောက်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ နန်းဆုက သူမအစ်ကိုဖြစ်သူရဲ့ သားအမြွှာနှစ်ယောက်ဖြစ်တဲ့ သသနဲ့ သုသုတို့ရဲ့ မွေးနေ့ပွဲကို ချစ်သူနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ လူကြီးမိဘတွေနဲ့ အားလုံးကိုအသိပေးပြီး တွဲနေတဲ့သူမက အခုလည်း ချစ်သူကို ဆွေပြမျိုးပြ အလည်ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ သူမတို့စုံတွဲလေးကတော့ တကယ့်ကိုနတ်ဖတ်တဲ့ဖူးစာလို အရာရာပြီးပြည့်စုံပြီး လိုက်ဖက်လွန်းလှပါတယ်။

ဒါ့အပြင် နန်းဆုက ချစ်သူ G Fatt ရဲ့ ယနေ့ည ၇နာရီမှာ ကျင်းပပြုလုပ်မယ့် တစ်ကိုယ်တော် Show ပွဲအတွက် ရွှေတိဂုံဘုရားကိုသွားရောက်ပြီး တောင်းဆုပြုခဲ့ပါတယ်။ နန်းဆုက ”ဒီနေ့ပွဲ အကြီးအကျယ်အောင်မြင်ပါစေကြောင်း”ဆိုပြီး ချစ်သူအတွက် ဆုတောင်းပေးထားတာ ဖြစ်ပါတယ် ။ နန်းဆုရဲ့ချစ်သူအပေါ်ထားရှိတဲ့ အချစ်တွေကတော့ တကယ့်ကိုလေးနက်ပြီး တန်ဖိုးရှိတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် နန်းဆုနဲ့ G Fatt တို့စုံတွဲလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Nansu Yati Soe;

Facebook Comments

admin

error: Content is protected !!